ပရိသတ်ကြီးကို ဒီတစ်ပါတင်ဆက်ပေးမှာကတော့ မိတ်ဆွေ သင်္ဂဟအချင်းချင်း၊ မိသားစုအချင်းချင်း ဆက်ဆံပြောဆိုရာတွင် ကိုယ်မေးလိုက်တဲ့ မေးခွန်းကြောင့် မျက်နှာပူစရာ၊ စိတ်ထိခိုက်စရာတွေ ဖြစ်သွားတတ်ကြတာနဲ့ ပတ်သက်ပြီး ဆွေးနွေး ဖော်ပြသွားမှာဖြစ်ပါတယ်...။ ပထမဦးဆုံးအနေနဲ့ သူငယ်ချင်း အချင်းချင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေ အချင်းချင်းပဲဖြစ်ဖြစ် မိန်းကလေးနဲ့ယောက်ျားလေး အတူတွဲလာပြီဆိုရင် "နင်တို့တွဲနေတာ ဘယ်လောက်ကြာပြီလည်း" ဆိုပြီး စနောက်သလို မေးတတ်ကြပါတယ်...။ အကယ်၍ သူတို့က ပုံမှန်သူငယ်ချင်း ဆက်ဆံရေးတိုင်းရှိနေတယ်ဆိုရင် မေးခံရတဲ့သူရဲ့ စိတ်ထဲမှာကသိကအောက်ဖြစ်သွားပြီး မျက်နှာပူစရာတွေ ဖြစ်ကုန်ပါလိမ့်မယ်...။

photo credit pngtree

"ကလေးဘယ်တော့ယူမှာလည်း" ဆိုတဲ့ မေးခွန်းလေးကိုလည်း အတတ်နိုင်ဆုံးရှောင်ကြဉ်ရမှာဖြစ်ပါတယ်...။ ဘာလို့လည်းဆိုတော့ ထိုမေးခွန်းက ကိုယ်နဲ့လည်း မဆိုင်သလို စပ်စုရာ ကျတာပဲဖြစ်ပါတယ်...။ အကယ်၍ ကိုယ်မေးလိုက်တဲ့ စုံတွဲက ကလေးမလိုချင်တဲ့၊ မယူချင်တဲ့ relation-ship type မျိုးဖြစ်နေမယ်ဆိုရင် စပ်စုသလိုပဲဖြစ်သွားပြီး ဘာမှအကျိုးရှိမှာမဟုတ်ပါဖူး...။ ကိုယ်ကတော့ ဘာစိတ်နဲ့မှ မဟုတ်ပဲ သိချင်ပေမယ့် မေးခံလိုက်ရတဲ့ သူတွေစိတ်ထဲမှာတော့ အနှောက့်အယှက်ဖြစ်သွားတာမျိုးရှိတတ်ပြီး နောက်ပိုင်း ပြောဆိုဆက်ဆံတဲ့အခါ အခက်တွေ့စေမှာပါ...။

photo credit pngtree

"ဘယ်လောက်တန်ဖိုးရှိလဲ" ဆိုတဲ့ မေးခွန်းကို မိသားစုအချင်းအချင်းမှာပဲဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်း အချင်းချင်းမှာပဲဖြစ်ဖြစ် လုံးဝမပြောသင့်ပါဖူးနော်...။ အကယ်၍ စေတနာနဲ့ ဝယ်လာတဲ့ ပစ္စည်းတစ်ခုခုကို ကိုယ်ကမသိပဲနဲ့ ထိုအရာက ဘယ်လောက်တန်ဖိုးရှိလည်း၊ ဘယ်လောက်ကုန်ကျသလည်းဆိုပြီး မေးတာက တစ်ဖက်လူရဲ့ စေတနာကို စော်ကားရာကျပါတယ်..။ နောက်ပြီး လူကြီးသူမတွေနဲ့ ဆိုဆုံးမတဲ့အခါ "မင်းက ဘယ်လောက်တန်ဖိုးရှိလို့လဲ..." ဆိုတဲ့ စကားက ပြောခံရတဲ့ မည်သူမဆို စိတ်ဒဏ်ရာ ရစေတာဖြစ်ပါတယ်...။ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိပြီးသားမလို့ ထိုကဲ့သို့ မေးမြန်းလိုက်ခြင်းက တစ်စုံတစ်ဦးရဲ့ တန်ဖိုးကို ဖြတ်လိုက်သလိုဖြစ်သွားပါတယ်...။ အထက်မှာ ဖော်ပြသွားတဲ့ မေးခွန်းတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ခြင်းဖြင့် သင့်ကိုလူမှုရေး ခေါင်းပါးသူလို့ မထင်မှတ်တော့ပဲ၊ လူမှုရေးပါးနပ်လိမ္မာသူအဖြစ် မိတ်ဆွေ၊ သင်္ဂဟတွေ အလယ်မှာ ပျော်ရွှင်ဝံ့ကြွားနိုင်မည်ဖြစ်ကြောင်း အကြံဉာဏ်ပေး မျှဝေလိုက်ခြင်းဖြစ်ပါတယ်...။

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။