ချစ်ပရိတ်သတ်တို့ရေ... ဒီတစ်ခါမှာတော့ အရမ်းကိုစိတ်ဝင်စားဖိုကောင်းတဲ့နည်းပညာတွေ အသုံးပြုပြီးတည်ဆောက်ထားတဲ့ သမ္မတတွေရဲ့ စီးတော်ယာဉ်တွေအကြောင်းကို ပြောပြပေးမှာပဲဖြစ်ပါတယ်နော်။ အမေရိကန် သမ္မတကြီးစီးနင်းခဲ့တဲ့ စီးတော်ယာဉ်ရဲ့ ကားတံခါးများတွေဟာသော့ပေါက်တွေလုံးဝမပါရှိဘဲ လီမွန်ဆင်းရဲ့ တံခါး တွေကို ဘယ်လိုဖွင့်ရမလဲဆိုတာကိုတော့ လျှို့ဝှက်တပ်ဖွဲ့ကသာ သိကြတာပါ။ကားတံခါးပေါက်တွေကို ကျည်မပေါက်တဲ့ ငါးလက်မကျော် အထူ ရှိတဲ့ မှန်တွေတပ်ဆင်ထားပါတယ်။ယဉ်မောင်းတံခါးကိုသာ ဖွင့်ထားလေ့ရှိပြီးတော့ ကားအတွင်းပိုင်းကို ဓာတုဗေဒ တိုက် ခိုက်မှု ရန်တွေကနေကာကွယ်ဖို့ ရာနှုန်းပြည့်ပိတ်ထားပါတယ်နော်။
လက်ရှိ တောရိုင်းကောင်ကြီး( သမ္မတစီးနင်းတဲ့ မော်တော်ယာဉ်)မှာ ဒုံးကျည်ပန်ကာတပ် လက်ပစ်ဗုံးများတပ်ဆင်ထားတဲ့အပြင် ညကြည့်မှန်တွေ မျက် ရည် ယိုဗုံးပစ်လွှတ်စင်၊အောက်ဆီဂျင်ကန်၊မပေါက်ကွဲနိုင်တဲ့ ကားဆီလှောင်ကန်နဲ့ပြောင်းတိုသေနတ်တွေထည့်သွင်းထားပါတယ်။ ထူးခြားသည့် အချက်ကတော့ တောရိုင်းကောင်ကြီးတွေမှာ သမ္မတကြီးနဲ့ သွေးအမျိုးအစားတူတဲ့ သွေးပုလင်း နှစ်ပိုင့်ကို ဆောင်ယူထားတာပဲဖြစ်ပါတယ်။အကယ်၍များ သမ္မတစီးနင်းလာတဲ့ မော်တော်ယာဉ်အား ဒုံးကျည်ဖြင့် တိုက်ခိုက်လာပါကလည်း ပြန်လည်ချေမှုန်းနိုင်ဖို့ အနီ အောက်ရောင်ခြည်သုံး မီးခိုးဗုံးတွေကို တောရိုင်းကောင်ကြီးမှာ ထည့်သွင်းထားကြပါတယ်။
ယခုအခါမှာ သမ္မတစီးကားရဲ့တံခါးတွေကို ရှစ် လက်မ အထူ ကျည်ကာမှန်တွေတပ်ဆင်ထားပြီးတော့ ဂျင်နရယ်မော်တာကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးက သမ္မတရဲ့ကား အသစ်ကို အလွန်တိကျတဲ့ အထူးပြုလုပ် ချက်များတွေနဲ့ တည်ဆောက်ထားကြောင်းနဲ့ အဆုံးစွန် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြောင်း ပြောကြားခဲ့ပါသေးတယ်။သမ္မတစီးကားတွေကို ကာဒီလက်ပုံမှန်ကားတွေမှာ အမြင့်ဆုံးသောဒီဇိုင်းပြုလုပ်ဖန်တီးထားတယ်လို့ ဆိုပါတယ်။အမေရိကန် လျှို့ဝှက်တပ်ဖွဲ့ရဲ့ ဝန်ထမ်းဟောင်းဖြစ်ပြီး သမ္မတ ဘီလ်ကလင်တန်ရဲ့ မော်တော်ယာဉ်ကို မောင်းနှင်ခဲ့သူ ဂျိုးဖန့် ကတောရိုင်းကောင်ကြီးရဲ့ ထူးခြားချက်တွေကို CNNကို ပြောပြခဲ့ပြီးတော့ စီးတော်ယာဉ်အတွင်းသမ္မတကြီး ပြင်ပကမ္ဘာနှင့် အဆက် ပြတ်နေချိန်မှာ သမ္မတကြီးရဲ့ လက်ချောင်းတွေဟာ ဖုန်းများ၊ ဂြိုလ်တု ဆက်သွယ်ရေးများ၊အင်တာနက်တွေအပါအဝင် ဆက်သွယ်ရေး ပစ္စည်းတွေပါ်မှာရှိနေကြောင်းကိုလည်း ပြောခဲ့ပါတယ်။ ကဲ... သမ္မတတွေ စီးနင်းတဲ့ ကားတွေဟာ စိတ်ဝင်စားစရာတွေ အပြည့်ပဲ မဟုတ်လား ချစ်ပရိတ်သတ်တို့ရေ....
Source : မောင် သာ ရှေးဟောင်းသုတေသန
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။