ပရိတ်သတ်တို့ရေ.... ၁၉၄၈ ခုနှစ်မှာ အမေရိကန်က သန်းကြွယ်သူဌေးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး မက်လုံအမ်ဟိုင်စ်ဟာ ပင်နီဆာဗေးနီးယား ပြည်နယ်ယော့ခ်မှာ ကမ္ဘာ့အကြီးဆုံးဖိနပ်အိမ်ကြီးတစ်လုံးကို ဆောက်လုပ်ခဲ့ပါတယ်။ ဟိုင်စ်ဟာ ဗိသုကာပညာရှင်တစ်ဦးကို လုပ်ငန်းသုံး ဘွတ်ဖိနပ်ဟောင်းတစ်ခု ပေးပြီးတော့ ထိုဘွတ်ဖိနပ်ကို ပုံစံယူကာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသောဖိနပ်အိမ်ကြီးကို တည်ဆောက်စေခဲ့ ပါတယ်။

Photo Source : Pngtree

ထိုအချိန်တုန်းက ဟိုင်စ်ဟာ အမေရိကန်ပင်နီဆာဗေးနီးယားနဲ့ မေရီလန်းတို့မှာ ဖိနပ်ဆိုင်ပေါင်း၄၀ကိုပိုင်ဆိုင်ထားပါတယ်။ သူရဲ့ဖိနပ်အိမ်ကြီးကို အဝေးပြေးလမ်းမကြီးအနီးမှာ ဆောက်လုပ်ထားခြင်းအားဖြင့်ကြော်ငြာဘေဘုတ်တွေအများဆုံးထောင်ပြီး ကြော်ငြာ ခြင်းထက်ပင်ထိရောက်ကောင်းမွန်လှပါတယ်နော်။ သက်ကြီးရွယ်အိုစုံတွဲတွေနဲ့ လက်ထပ်ပြီးစ လူငယ်မောင်နှံတွေကို သူရဲ့ ဖိနပ် အိမ်ကြီးမှာ တည်းခို အိပ်စက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

Photo Source : Pngtree

ယခုအခါမှာတော ဧည့်လမ်းညွှန်တွေဟာ ဒီဖိနပ်အိမ်ကြီးကို စိတ်ဝင်စားကြတဲ့ သူတို့ရဲ့ ဧည့်သည်တွေကို ဖိနပ်အိမ်ကြီးဆီကို ခေါ်လာလေ့ ရှိပါသတဲ့ ။ ဖိနပ်အိမ်ကြီးရဲ့ အတွင်းပိုင်းမှာရှိတဲ့ ချောမွေ့ပြီး အစွန်းတွေထင်းနေတဲ့ မှန်ပြူတင်းတွေနဲ့တည်ဆောက်ထားတဲ့ စနစ်တွေ ကို လိုက်လံပြသလေ့ရှိကြပါတယ်။ ကဲ... ဒီတော့ ပရိတ်သတ်တို့လည်း အိုင်ဒီယာကောင်းကောင်းနဲ့ ၁၉၀၀ ဝန်းကျင်လောက်ကတည်းကတည်ဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ရှေးဟောင်းဖိနပ်အိမ်ကြီးကို ကိုယ်တိုင်လည်းသွားရောက်လည်ပတ်နိုင်သလို ဗဟုသုတဖြစ်အောင်လည်း ဖိနပ်အိမ်ကြီးအကြောင်းကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Source : Pngtree

Source : မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။