ချစ်ပရိတ်သတ်တွေရေ... ဒီတစ်ခါမှာတော့ ထူးထူးခြားခြားကွာရှင်းမှုတွေထဲကတစ်ခုဖြစ်တဲ့ အထူးတကာအထူးဆန်းဆုံးကွာရှင်းမှုတစ်ခုအကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်နော်။ အမေရိကန် အဆိုတော်မာဗင်ဂေးဟာ ဂီတ လုပ်ငန်းနဲ့ ဝင်ငွေအများရရှိသူတစ်ဦးဖြစ်သော်လည်း အသုံးအဖြုန်းကြီးသူ တစ်ဦးဖြစ်တာကြောင့် အမြဲ ကြွေးထူနေလေ့ရှိပါတယ်။မာဗင်ဂေးဟာ ၁၉၇၅ ခုနှစ်မှာ ဇနီးဖြစ်သူ အန်နာဂေါ်ဒီနှင့် ကွာရှင်းပြတ်စဲခဲ့ပြီး တရားရုံးကနေ ဆုံးဖြတ်တဲ့ ကွာရှင်းလျော်ကြေးကို ဇနီးသည်ကိုပေးလျော်ရမှာပဲဖြစ်ပါတယ်။

Photo Source: Pngtree

မာဗင်ဂေးဟာ လင်မယားကွာရှင်းချိန်မှာ ဇနီးဟောင်းကိုပေးလျော်ဖို့ ငွေကြေးမရှိတာကြောင့် ဇနီးမောင်နှံဟောင်းနှစ်ဦးနဲ့ ရှေ့နေများဟာ သဘောတူညီချက်တစ်ရပ်ကို ပြုလုပ်ခဲ့ရပါတယ်။စာချုပ်အရ မာဗင်ဂေးက ကွာရှင်းလျော်ကြေးအဖြစ်နဲ့ သီချင်းအယ်လ်ဘမ် တစ်ချပ် ထုတ်ပေးရမှာပဲဖြစ်ပါတယ်။ အဲ့ဒီသီချင်းအယ်လ်ဘမ်ရဲ့ မူပိုင်ခွင့် အားလုံးကို ဇနီးဟောင်းအန်နာဂေါ်ဒီကိုပေးဖို့သဘောတူညီခဲ့ပြီး မာဗင်ဂေးရဲ့ နာမည်ကျော် သီချင်းအယ်လ်ဘမ် My Dear ဟာထွက်ရှိလာခဲ့ပါတယ်နော်။

Photo Source: Pngtree

မာဗင်ဂေးဟာ ဇနီးဟောင်းအားပေးလျော်ရမယ့် သီချင်းအယ်လ်ဘမ်ကို ညံ့ဖျင်းစွာ ထုတ်လုပ်ခဲ့တယ်လို့ ကောလဟလ များလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ မာဗင်ဂေးဟာ ထိုအခွေကို ဂရုတစ်စိုက်မစီမံဘဲ ထုတ်ဝေဖို့စဉ်းစားခဲ့မိကြောင်းဝန်ခံခဲ့ပေမယ့် မိမိပရိတ် သတ်တွေအတွက် အကောင်းဆုံးအားထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းဖွင့်ဟဝန်ခံခဲ့ပါတယ်။တေးသီချင်းတွေဟာလည်း ခံစားမှုအပြည့်ပါရှိခဲ့ပြီးတော့ သူရှင်သန်နေသည့် သက်တမ်းတစ်လျောက် သွေးသားတွေခန်းခြောက်တဲ့အထိ သီဆိုခဲ့ပါကြောင်း ထပ်လောင်းပြီး ပြောဆိုခဲ့ပါတယ်။ ကွာ ရှင်းပြတ်စဲမှု လျော်ကြေးအတွက် သီဆိုခဲ့တဲ့ သီချင်းခွေ အယ်လ်ဘမ်ဟာ အလွန်အောင်မြင်ခဲ့ပြီး မာဗင်ဂေးအား ဝေဖန်ခဲ့သူများ ကပင် My Dear ဟာ မာဗင်ဂေးရဲ့ အကောင်းဆုံးအခွေဖြစ်ကြောင်းချီးမွမ်းခဲ့ကြပါတယ်။ ကဲ... ကွာရှင်းစရိတ် အတွက် သီချင်းဆိုပြီးဆပ်ခဲ့ရတဲ့ မာဗင်ရဲ့ အဖြစ်ကတော့ တကယ်ကို အံ့သြစရာပါပဲနော်။

Photo Source: Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။