ပရိသတ်ကြီးကို အခုတစ်ခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတောု့ တစ်ကယ့်ကို နားလည်ရခက်စေတဲ့ လူတစ်ယော်အကြောင်း ဖြစ်ပါတယ်။ လူ့ဂွစာတွေ အမျိုးမျိုး ရှိကြပေမယ့် သူ့ရဲ့လုပ်ပုံကတော့ ကြားရသူတိုင်းကို မျက်စိအပြူးသား ဖြစ်သွားစေခဲ့ရတဲ့ အထိပါပဲ။ ဒါ့ကြောင့် ပရိသတ်ကြီး ဖတ်ရှုနိုင်ရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်နော် ။ George Boyer ဆိုတဲ့ အမျိုးသားဟာ ကလေးဘဝ ထဲက ခြေတစ်ဖက် သာ ရှိချင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဆရာဝန်တွေနှင့် တိုင်ပင်ပြီးသူ့ခြေထောက်ကို ဖြတ်တောက်ဖို့ကြံစည် ခဲ့ပါသေးတယ်။

Source : Pngtree

ဒါပေမယ့်လည်း ဆရာဝန်တွေက အခုကိစ္စဟာ ပုံမှန် မဟုတ်ဘူးဆိုပီး ဖြတ်တောက် ဖို့ ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့်လည်း George ဟာ ခေါင်းမာစွာနဲ့ပဲ သူ့အသက် ၆၈ နှစ်တွင် သူ့လိုအင်ဆန္ဒကို ထိန်းမရတော့ကာ နေအိမ်ရှေ့ ထိုင်ခုံတွင်ထိုင်ပြီး ခြေတစ်ဖတ်ကို သေနတ်နှင့် ပစ်၍ ဖြတ်ကာ သွေးမထွက်စေရန် စီမံပြီး လူနာတင်ကားကို ဖုန်းဆက် ခေါ်ခဲ့ပါတော့တယ်။

Source : Pngtree

ထို့နောက် ဆေးရုံတွင်ကုသမှုခံယူပြီး ခြေတစ်ချောင်းထဲနှင့် သူ့ဘဝကို ပျော်ရွင်စွာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရေ လူတိုင်းဟာ ကိုယ့်အတွေးနဲ့ကိုယ် ရူးကြတယ်ဆိုပေမယ့် ဒီလူရဲ့အတွေးကတော့ အတော်လေးကို နားလည်ရခက်တဲ့ အတွေးလို့တောင် ပြောလိုက်ချင်ပါတော့တယ်ဗျာ....

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။