ပရိသတ်တွေရဲ့အချစ်တော် မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောလေး ပိုင်တံခွန်ကတော့ တစ်နေ့နဲ့ တစ်နေ့ မရိုးနိုင်အောင် အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို နေ့စဉ်ခြွေယူထားသူပဲ ဖြစ်ပါတယ်..။
ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေနဲ့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားသလို ယောင်္ကျားလေးပရိသတ်တွေကလည်း အားပေးချစ်ခင်ကြတာ တွေ့ရပါတယ်..။
အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို သူ့ရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေအတွက် အမြဲမျှဝေလေရြှိသလို အခုတစ်ခါမှာလည်း ယောင်္ကျားပီသပြီး ညို့အားပြင်းဆွဲဆောင်မှုရှိလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားလိုက်ပြန်ပါပြီနော်..။
“အားတဲ့ချိန် ဌက်ပျောသီးလည်း ရောင်းပါတယ်..” ဆိုပြီး သူ့ရဲ့ အမိုက်စား ပုံရိပ်လေးတွေကတော့ တကယ်ကို ဆွဲအားအပြည့်နဲ့ ယောင်္ကျားပီသသ ဆွဲဆောင်မှုတွေ ရှိလှပါတယ်နော်..။
ခွန်အားအပြည့်နဲ့ ညို့အားပြင်းပြင်း ဆွဲဆောင်မှုရှိပြီး ယောင်္ကျားပီသတဲ့ အမိုက်စား ဟန်ပန်ပုံရိပ်လေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တွေကို ထပ်မံသိမ်းပိုက်လိုက်တာပဲ ဖြစ်ပါတယ်နော်..။
ဒီကနေ့လေးမှာတော့ ပိုင်တံခွန်ရဲ့ ချစ်ပရိသတ်တွေအတွက် သူ့ရဲ့ အမိုက်စား ပုံရိပ်အသစ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။
Photo Credit - Paing Takhon’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။