မြမြရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေကြားအတော်လေးကို ရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး စတင်မရိုက်ကူးခင် လူရွေးချယ်ပွဲတွေမှာတင် ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်တတ်နေတာပဲ ဖြစ်ပါတယ်။ မြမြရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာညိုမင်းလွင်က ရိုက်ကူးပုံဖော်မှာပဲ ဖြစ်ပါတယ်။

photo credit : mya mya Facebook Page
photo credit : mya mya Facebook Page

မြမြရုပ်ရှင်ဇာတ်ကားကြီးအတွက် မင်းသမီးကိုတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေတဲ့ သင်ဇာဝင့်ကျော်ကို ရွေးချယ်ထားပြီး သင်ဇာကတော့ မြမြဇာတ်ကောင်ကနေ ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်တွေကိုလဲ လူရွေးပွဲ ကျင်းပကာမကြာခင်က ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

photo credit : amazing agrace
photo credit : mya mya Facebook Page

ယခုမှာတော့ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ မြမြရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မယ့် မင်းသားနှစ်လက်ထဲက တစ်လက်အဖြစ် ဒီးဒီးကို ရွေးချယ်ထားပါတယ်။ ဒီးဒီးကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်ပြီး ဒီးဒီးတစ်ယောက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

source: mya mya Facebook Page

photo credit : mya mya Facebook Page
photo credit : mya mya Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။