ဒီကနေ့ စက်တင်ဘာ (၁၂)ရက်မှာ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ Myanmar International Series 2019 ကြက်တောင်ရိုက်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် သက်ထားသူဇာဟာ ထိုင်းကစားသမားကို အနိုင်ရရှိခဲ့ပါတယ်။ ပြိုင်ဖက်ကစားသမားထိုင်းနိုင်ငံသားကို နှစ်ပွဲဆက်အနိုင်ယူခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : THET HTAR Thuzar ' s facebook
photo credit : THET HTAR Thuzar ' s facebook
photo credit : THET HTAR Thuzar ' s facebook

မြန်မာလက်ရွေးစင်ကစားသမား သက်ထားသူဇာဟာ ထိုင်းကစားသမားSaranporn PORNPATTANAMONGKOL ကို (21:10) (21:14) တို့ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ မြန်မာဂုဏ်ဆောင် သက်ထားသူဇာက လက်ရှိမှာ ကမ္ဘာ့အဆင့်( ၇၃ )မှာ ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပြီး မြနမာပြည်သူတွေရဲ့ အားပေးမှုကိုလဲ အခိုင်အမာရရှိနေပါတယ်။

photo credit : THET HTAR Thuzar ' s facebook
photo credit : THET HTAR Thuzar ' s facebook
photo credit : THET HTAR Thuzar ' s facebook

မြန်မာဂုဏ်ဆောင်သက်ထားသူဇာကတော့ ဒိန်းမတ်နိုင်ငံ မှာ Asia Olympic Project Training (၂) လ အကြာ သွားရောက်လေ့ကျင့်ခဲ့တာပဲ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ (၆) ရက်နေ့က ရန်ကုန်ကိုပြန်လည် ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ သက်ထားသူဇာဟာ Myanmar International Series 2019 ကြက်တောင်ရိုက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

source: THET HTAR Thuzar ' s facebook

photo credit : THET HTAR Thuzar ' s facebook
photo credit : THET HTAR Thuzar ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။