အနုပညာရှင်တွေမဟုတ်ကြပေမယ့် ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ကတော့ သမီးချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားကြတာဖြစ်ပါတယ်။အရင်တုန်းက အာဘွိုင်းလည်းအဆိုတော်တစ်ယောက်ဖြစ်ပြီး မြတ်ရတနာကျော်ကတော့ သီချင်းMTVမှာသရုပ်ဆောင်ရင်း အရမ်းချစ်စရာကောင်းတဲ့ တိုင်းရင်သူလေးတစ်ယောက်ဖြစ်လို့ ပရိသတ်တွေက စတင်သတိထားမိလာကြပါတယ်။

Photo Credit:Myat Yadanar Kyaw's facebook
Photo Credit:Myat Yadanar Kyaw's facebook
Photo Credit:Myat Yadanar Kyaw's facebook

မြတ်ရတနာကျော်နဲ့အာဘွိုင်းတို့ရဲ့နှစ်ကိုယ်တူချစ်ခရီးလမ်းလေးက သာယာဖြောင့်ဖြူးလှပြီး အရမ်းပျော်ရွှင်စရာကောင်းလို့ ပရိသတ်တွေကတောင် အားကျရပါတယ်နော်။မြတ်ရတနာကျော်ကလည်း တစ်သားမွေးတစ်သွေးလှဆိုသလို သမီးလေးတစ်ယောက်မွေးဖွားထားတာတောင် ကလေးတစ်ယောက်မိခင်လို့ မထင်ရပါဘူးနော်။အာဘွိုင်းတို့ဇနီးမောင်နှံက အားလပ်ရက်တွေမှာလည်း ခရီးတွေထွက်ပြီး အေးချမ်းစွာနေထိုင်ကြတာပါ။

Photo Credit:Myat Yadanar Kyaw's facebook
Photo Credit:Myat Yadanar Kyaw's facebook
Photo Credit:Myat Yadanar Kyaw's facebook

အခုဆိုရင် Scarlett လေးလည်း ၁နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီး စကားလေးတွေလည်း မပီကလာပီကလာပြောလို့ မေမေမြတ်ရတနာကျော်ကအရမ်းချစ်နေရတာဖြစ်ပါတယ်။မြတ်ရတနာကျော်နဲ့အာဘွိုင်းတို့က အားတဲ့အချိန်တိုင်းမှာ သမီးလေးနဲ့အတူတူဆော့ကစားပေးပြီး အခုဆိုရင်လည်း မေမေမြတ်ရတနာကျော်က Scarlett လေးဆော့နေတဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလာပါတယ်နော်။

Photo Credit:Myat Yadanar Kyaw's facebook
Photo Credit:Myat Yadanar Kyaw's facebook
Photo Credit:Myat Yadanar Kyaw's facebook

Photo Credit:Myat Yadanar Kyaw's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။