သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလှလှလေးနဲ့အတူ ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေ အလှပိုင်ရှင်လေး ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ကြော်ငြာလေးတွေရိုက်ကူးပြီး ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

အိမ်ထောင်ကျပြီး သားလေးတစ်ယောက် ထွန်းကားခဲ့တဲ့ သဉ္ဇာနွယ်ဝင်းက အခုဆိုရင် ဒုတိယမြောက်ရင်သွေးလေးကိုတောင် ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက ပျော်ရွှင်စရာကောင်းတဲ့ သူမတို့မိသားစုဘဝလေးရဲ့ အပျော်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း သဉ္ဇာနွယ်ဝင်းက ချစ်ရတဲ့သားလေးနဲ့အတူ သီချင်းတွေအတူဆိုရင်း ပျော်ရွှင်နေတဲ့ဗီဒီယိုလေးတွေကို တင်ထားပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

ဒီဗီဒီယိုလေးမှာတော့ Peach လေးက မေမေနဲ့အတူ မပီကလာအသံလေးနဲ့ သီချင်းတွေလိုက်ဆိုနေတာ တွေ့ရပါတယ်။ သဉ္ဇာနွယ်ဝင်းရဲ့သား Peach လေးက မက်မွန်သီးလေးလို လုံးလုံးကစ်ကစ်လေးနဲ့ ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေရဲ့အချစ်တော်လေး ဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သဉ္ဇာနွယ်ဝင်းတို့သားအမိနှစ်ယောက်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Thinzar Nwewin's FB

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။