မွေးရာပါအမှတ်တွေကို သဘာဝနည်းအတိုင်းပျောက်ပျက်အောင်လုပ်တဲ့အခါမှာ သံလွင်ဆီဟာ သဘာဝအတိုင်းတွေ့ရတဲ့ "Moisturizer" အစိုဓာတ်ထိန်းခရမ်တစ်ခုပဲဖြစ်ပါတယ်...။ ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကိုရေဓာတ်ပြန်ဖြည့်ပေးပြီး အသားအရေကို လင်းလက်စေတာဖြစ်ပါတယ်...။ ဒါကြောင့် မွေးရာပါအမှတ်တွေကို သံလွင်ဆီစိမ်ထားတဲ့ဂွမ်းလေးတွေနဲ့ နေ့စဉ် စိမ့်ဝင်အောင်လိမ်းပေးပြီး ရေနွေးနဲ့ ပြန်ဆေးချပေးရင် ဒီအမှတ်တွေရဲ့ အရောင်တွေ လျော့ကျပျောက်ကွယ်သွားမှာဖြစ်ပါတယ်...။

photo credit pngtree

နောက်ထပ်နည်းလမ်းလေးကတော့ ရေခဲကပ်တာပဲဖြစ်ပါတယ်...။ ရေခဲကပ်တာက အသားအရေကို အစိုဓာတ်ထိန်းစေပြီး နူးညံ့စေတာကြောင့် မွေးရာပါအမှတ်က အရောင်တွေ ဖျော့တော့သွားစေတာဖြစ်ပါတယ်...။ ချွေးပေါက်တွေကိုလည်း ကျဉ်းစေတာကြောင့် အသားအရောင်ကို ပိုမိုညီညာစေတာဖြစ်ပါတယ်...။ ဒါပေမယ့်ရေခဲကပ်ရင် ဘယ်တော့မှ ရေခဲအတုံးလိုက် အသားရေကို မကပ်ဘဲ အဝတ်သန့်သန့်နဲ့ ထုတ်ပြီးမှ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာအောင်ကပ်ပေးရမှာဖြစ်ပါတယ်...။ အကြာကြီးကပ်ရင် အသားရေကို ထိခိုက်စေတာကြောင့် ဒီထက်တော့ မကြာစေချင်ပါဘူးနော်...။ တစ်နာရီလောက်ခြားပြီးရင် ထပ်ကပ်ပေးချင် ကပ်လို့ရတာဖြစ်ပါတယ်...။

photo credit pngtree

ဗီတာမင်အီး အဆီလိမ်းတာကလည်း အသားအရေကို ပျက်စီးစေတဲ့ "Free Radical" တွေကို ကာကွယ်နိုင်ပြီး အမှတ်ကို အရောင်ဖျော့ကျစေတာဖြစ်ပါတယ်...။ လိမ်းပြီးရင်တော့ အဲဒီနေရာကို အုပ်ကာထားသင့်ပါတယ်နော်...။ "Kojic acid" ဆိုတာ မှိုကနေရတဲ့ အဖြူရောင်ပုံဆောင်ခဲအမှုန့်ဖြစ်ပြီး မယ်လနင်လို့ခေါ်တဲ့ အမည်းရောင်ခြယ်ပစ္စည်းထုတ်တဲ့ "Tyrosinase" ကို သွားပိတ်ပေးပါတယ်။ Kojic acid ပါတဲ့ ဆပ်ပြာ၊ အလှကုန်တွေရှာပြီး သုံးလို့ရပါတယ်နော်...။ တစ်နေ့ကို သုံးကြိမ်လောက်တော့ လိမ်းပေးဖို့လိုအပ်ပါတယ်...။ ကိုယ်ဝန်ဆောင်ကာလမှာ ပေါ်တတ်တဲ့ အညိုကွက်တွေကိုတော့ Kojic acid က သိသိသာသာ ပျောက်ကင်းစေတာကို တွေ့ရှိရပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "မွေးရာအမှတ်တွေကို ဖြတ်ချင်လား" ဆိုတဲ့ ကျန်းမာရေးဆောင်းပါးထဲမှ အမှတ်တွေကို သံလွင်ဆီ၊ ရေခဲကပ်တာ၊ ဗီတာမင်အီး အဆီလိမ်းတာ၊ "Kojic acid" ပါဝင်တဲ့ အလှကုန်တွေကို အသုံးပြုတာ အစရှိတဲ့ သဘာဝနည်းလမ်းကောင်းလေးတွေကို ပြန်လည်ကူးယူ မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။