ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော ထက်ထက်မိုးဦးကတော့ တစ်ချိန်က အနုပညာလောကမှာ ထိပ်တန်းကနေ ရပ်တည်နေခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင် ဒိတ်ဒိတ်ကြဲမင်းသမီးချောတစ်ဦးပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စဖွယ်အမူအရာလေးတွေနဲ့ TVဖန်သားပြင်တွေနဲ့ ကြော်ငြာတွေမှာ ဆက်တိုက်နေရာယူထားသူလေးလည်းဖြစ်ပါတယ်..။


Photo Credit - Amazing Grace's Facebook
Photo Credit - Facebook

မကြာသေးခင်ကမှ အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လည်လုပ်ဆောင်လာတဲ့ ပရိသတ်အသည်းကျော် ထက်ထက်မိုးဦးကတော့ ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးဆိုလည်း မမှားပါဘူး..။

အခုတစ်ခါမှာလည်း ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ စိုင်ထီးဆိုင်ရဲ့နာမည်ကျော်ရှမ်းသီချင်းလေးတွေကို ပြန်လည်အသက်သွင်း သရုပ်ဆောင်ထားတဲ့ Tik Tok ဗီဒီယိုလေးနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။


Photo Credit - Myo Minn Soe’s Facebook
Photo Credit - Myo Minn Soe’s Facebook

စိုင်းထီးဆိုင်ရဲ့ နာမည်ကောျ် ရှမ်းသီချင်းလေးတွေကို လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားကြတဲ့ မျိုးမင်းစိုးနဲ့ ထက်ထက်တို့ရဲ့ ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

ဒီကနေ့လေးမှာတော့ ချစ်စရာကောင်းကြတဲ့ မျိုးမင်းစိုးနဲ့ ထက်ထက်တို့ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Myo Minn Soe’s Facebook
Photo Credit - Myo Minn Soe’s Facebook

Photo Credit - Myo Minn Soe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။