ချစ်ပရိတ်သတ်တို့ရေ... ကွန်ပြူတာဆိုတာ ဒီနေ့လို IT ( Information Technology ) ခေတ်ကြီးမှာ အရမ်းအရေးပါနေခဲ့ပါပြီနော်။ ဒီလို ရေပန်းစားလို့နေတဲ့ ကွန်ပြူတာတွေရဲ့ သမိုင်းကို ပြန်လှန်ရရင်တော့ လူတော်တော်များများ 1822လောက်မှမှာ ပထမဆုံး ကွန်ပြူတာကို Charles Babbage ကထွင်ခဲ့တယ်လို့ သိကြမှာပါ။ ဒါပေမယ့် အမှန်ကတာ့ အဲ့အချိန်ထက်စောပါတယ်နော်။ ရှေးခေတ်ဂရိလူမျိုးတွေရဲ့ ခေတ်လောက်ကတည်းက ကွန်ပြူတာကခေတ်စားခဲ့တာဆိုရင်ကော ပရိတ်သတ်တွေယုံနိုင်ပါ့မလား?

Photo Source : Pngtree

ရှေးခေတ် ဂရိတို့ အသုံးပြုခဲ့ကြတဲ့ ကိန်းဂဏန်း တွက်ချက်တဲ့ စက်ပစ္စည်းတစ်ခုကို ရေအောက်မှာနှစ်ပေါင်း ထောင်နှင့်ချီကာ တည်ရှိနေခဲ့ပြီးမှ ပြန်လည်တွေ့ရှိခဲ့ကြရတယ်လို့ဆိုပါတယ်။ရှုပ်ထွေးစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဒီစက်ပစ္စည်းကြီးဟာ ဘယ်လို ပစ္စည်းမှန်းသဲသဲကွဲကွဲ မသိရသေးသော်ပေမယ့်လည်း အနာလော့ စနစ်နဲ့ သုံးစွဲခဲ့တဲ့ပထမဆုံး ကွန်ပျူတာ ကြီးဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။

Photo Source : Pngtree

ဘေဘီလုံသားများဟာ အဲ့ဒီစက်ကြီးကို သင်္ချာ စက်ဝိုင်းတွေကို အခြေတည်လျက် နေနှင့်လ ပတ်လမ်းတွေကိုပါ ခန့်မှန်း တွက်ချက်နိုင်ဖို့ ဒီဇိုင်းယူပြုလုပ်ထားတယ်လို့ ယုံကြည်ရပါတယ်။ဒီစက်ရဲ့မှန်ကန်တဲ့ လုပ်ဆောင်မှုဆိုတာဟာ ယနေ့ထက်တိုင် ပဟေဠိ တစ်ခု ဖြစ်လို့နေခဲ့ပါတယ်။ ဂရိရှေးဟောင်းကွန်ပျူတာလို့ အမည်ပေးထားတဲ့ ဒီစက်ကို ပင်လယ်ရေအောက်ကနေ ၁၉၀၀ ပြည့်နှစ်မှာ တွေ့ရှိခဲ့ကြပါတယ်။ အနာလော့စနစ်နဲ့ တည်ဆောက်ထားတဲ့အတွက် ဒီစက်ဟာကွန်ပြူတာ မဟုတ်ခဲ့ဘူးဆိုရင်တောင် ဒီထက်ပိုပြီး မြင့်တဲ့ နားလည်းရခက်တဲ့ နည်းပညာတစ်ခုပဲဖြစ်ပေလိမ့်မယ် ပရိတ်သတ်တို့ရေ။ ကဲ....ဒါဟာ တကယ်ကို လက်ဖျားခါလောက်ဖွယ်ရာ ရှေးဟောင်းနည်းပညာတွေပါပဲနော်....

Photo Source : Pngtree
Photo Source : Pngtree

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။