မော်ဒယ်လ်လောက ကနေ အနုပညာလောကထဲသို့ ဝင်ရောက်လာတာဖြစ်ပြီး အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ရရှိထားတဲ့ ခင်သဇင်ကို သိကြမယ်ထင်ပါတယ်နော် ။ချစ်စရာဟန်ပန် အမူရာလေးအပြင် သွယ်လျတဲ့ Body အမိုက်စားလေးနဲ့ ခင်သဇင် မင်းသမီးချောလေးကတော့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာရရှိထားတာဖြစ်ပါတယ် ။သူမဟာ အဆိုတော်ကော သရုပ်ဆောင်ပိုင်းမှာပါ ဘက်စုံအောင်မြင်နေသူဖြစ်ပြီး မိန်းကလေး ပရိသတ်တွေပါမက ယောင်္ကျးလေး ပရိသတ်တွေပါ အခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။
သူမဟာ အမြဲတမ်းစမတ်ကျကျ ဖက်ရှင်ဒီဇိုင်းအသစ်တွေနဲ့ စတိုင်ကျလှပနေသူလေးလည်းဖြစ်ပါတယ်။သူမဟာ မကြာသေးခင်ကမှ ခရီးတွေထွက်ရှိနေတာဖြစ်ပြီး သူမရဲ့ခရီးသွား အမှတ်တရပုံများကိုလည်း ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။အနုပညာအလုပ်တွေပါမကပဲ ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်အားထက်သန်စွာ လုပ်ကိုင်သူလေးဖြစ်ကာ တကယ်ကို လေးစားအားကျစရာကောင်းတာအမှန်ပဲဖြစ်ပါတယ်။လတ်တလောမှာလည်း လက်နက်ကိုင်နယ်မြေထဲကို ရိုက်ကူးရေးတစ်ခုအတွက်ရောက်ရှိနေတဲ့ အမှတ်တရပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။
သူမရဲ့သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးစားလေးနဲ့ အရမ်းစမတ်ကျနေတဲ့ ပုံရိပ်လေးတွေကလည်း ပရိတ်သတ်တွေကို အချစ်ပိုစေခဲ့တာလည်းဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း ခင်သဇင်ရဲ့ ရိုက်ကွင်းက ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း သူမရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။
Source:Khin Thazin
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။