ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော မယ်လိုဒီကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့ သားချောလေးနဲ့အတူ ကြည်နူးစရာမိသားစုလေးကို ပိုင်ဆိုင်ထားသူလေးပါ..။

ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အောင်မြင်တဲ့ အနုပညာရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ မယ်လိုဒီရဲ့ သားချောလေး သိဒ္ဓိစစ်လေးကလည်း ချစ်စရာကောင်းလွန်းတဲ့ လူချောလေးမို့ ပရိသတ်ရဲ့ အသည်းကျော်လေးလည်း ဖြစ်ပါတယ်..။


Photo Credit - Melody Myo’s Facebook
Photo Credit - Melody Myo’s Facebook

ချစ်စရာကောင်းလွန်းတဲ့ မယ်လိုဒီရဲ့ သားချောလေး သိဒ္ဓိစစ်လေးကတော့ အခုတစ်ခါမှာလည်း မေမေ့ရဲ့ မွေးနေ့လေးအတွက် ကိုယ်တိုင်ကိတ်ခွဲပြီး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဗီဒီယိုဖိုင်လေးနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျရောက်ခဲ့တဲ့ မေမေ့မယ်လိုဒီရဲ့ မွေးနေ့လေးအတွက် ကိုယ်တိုင်ကိတ်ခွဲပြီး လက်အုပ်လေးချီကာ တရိုတသေလေး မွေးနေ့ဆုတောငင်းပေးလိုက်တဲ့ သားသားလေး သိဒ္ဓိစစ်ရဲက ချစ်စရာ ဗီဒီယိုင်လေးကိုတော့ ပရိသတ်တွေအားလုံးလည်း သဘောကျနေကြမှာပါနော်..။


Photo Credit - Melody Myo’s Facebook
Photo Credit - Melody Myo’s Facebook

လက်ဆောင်ပို့ပေးလာတဲ့ မွေးနေ့ကိတ်လေးကို ခွဲကာ မေမေ့အတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သားသားလေးရဲ့ ဗီဒီယိုဖိုင်လေးကိုတော့“စက်တင်ဘာလမကုန်မခြင်း မွေးနေ့ကိတ်ခွဲမယ်နော်

သားလေးတောင်းပေးတဲ့ ဆုပြည့်ပါရစေ..” ဆိုပြီး မေမေမယ်လိုဒီက မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းလွန်းတဲ့ သားလေး သိဒ္ဓိစစ်လေးရဲ့ မွေးနေ့ဆုတောင်းလေးကြောင့် မေမေမယ်လိုဒီတစ်ယောက် ကြည်နူးမှုလေးတွေနဲ့ ပျော်နေတာမို့ ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Melody Myo’s Facebook
Photo Credit - Melody Myo’s Facebook

Photo Credit - Melody Myo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။