အသင်းသစ်တွေ ခနခနဖွဲ့စည်းနေတဲ့ EternalEnvy ကတော့ Ti 9 အပြီးမှာ အသင်းသစ် တသင်းကို ထပ်မံဖွဲ့စည်းခဲ့ပြီပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ DPC season တုန်းကဆိုရင်လည်း EE အနေနဲ့ pro အသင်းတွေမှာ ကစားနေရာကနေ ထွက်ခွာပြီး အသင်းသစ်တွေဖွဲ့ကာ ရလာဒ်ကောင်းတွေရဖို့ ကြိုးစားခဲ့ပေမယ့် သူရဲ့ကြိုးစားမှုဟာ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။
လက်ရှိသူ ထပ်မံဖွဲ့စည်းခဲ့တဲ့ အသင်းသစ်ရဲ့ Roaster ဟာဆိုရင်လည်း
EE
Bryle
MoonMeander
Sneyking
Aui တို့ပဲဖြစ်ပါတယ်။
ယခုဖွဲ့စည်းလိုက်တဲ့ အသင်းသစ်နဲ့အတူ EternalEnvy အနေနဲ့ ဘယ်လောက်ထိခရီးရောက်ဦးမလဲဆိုတာကလည်း စိတ်ဝင်စားစရာတခုအဖြစ် ရှိလို့နေတာပဲဖြစ်ပါတယ်။
Source - EternalEnvy Twitter
orginal post
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။