Freezing (အေးခဲစေခြင်း)
ဂျာမန်တိုက်လေယာဉ် တွေအေးခဲနေတဲ့ ရေထဲကို ပျက်ကျခဲ့ပါက လေယာဉ်မှု အသက်ရှင်နိုင်မည့် နည်းလမ်းနှင့် သူတို့ ကို အထိရောက်ဆုံးကုသဖို့ ဆေးဝါး ရှာဖွေ နေစဉ်မှာ အကျဉ်းသားများကို ရေအေးထဲတွင် 5 နာရီကြာ ရေစိမ်ပြီး စမ်းသပ်ခဲ့ကြသည်။ ရလဒ်ကတော့ အောင်မြင်ခဲ့သလားမသိပေမယ့် အဆိုပါစမ်းသပ်မှုမှာတော့ အကျဉ်းသားတော်တော်များများ သေဆုံးခဲ့ပါတယ်
Tuberculosis ( တီဘီ ရောဂါ)
သာမာန်လူတစ်ယောက်ဟာ တီဘီ ရောဂါကို ဘယ်လောက်ထိ ခံနိုင် ရည်ရှိ သလဲ နောက်ပြီး တီဘီရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် စမ်းသပတီထွင်ခဲ့ကြပါသေးတယ်။ သူတို့စမ်းသပ်ပုံကတော့ အကျဉ်းသား အဆုပ် ထဲသို့ TB ရောဂါပိုးမွား များတိုက်ရိုက်ထိုးသွင်းတာပဲဖြစ်ပါတယ။ ဒီစမ်းသပ်မှုမှာလည်း လူပေါင်း 200 သေဆုံးခဲ့သည်။
Transplant (ခြေလက်အင်္ဂ ါ အစားထိုး)
ဂျာမန်စစ်သားများ တိုက်ပွဲအတွင်း ခြေလက်များ ဆုံးရှုံး ခဲ့ပါက အစားထိုးနိုင်ရန် အတွက် နည်းလမ်းမျိုးစုံစဉ်းစားခဲ့ပါတယ်။ တချို့သောနည်းလမ်းဟာဆိုရင် အကျဉ်းသား တစ်ယောက် ထံမှ ခြေ လက် အင်္ဂါ ကို တစ်ခြားသော အကျဉ်းသား ခြေလက်အင်္ဂါဖြင့် အစားထိုး စမ်းသပ်ခဲ့ ပါသည်။ သို့သော် နည်းပညာပိုင်းလိုအပ်ချက်တွေ ကြောင့်တစ်ခါမှ မအောင် မြင်ဘဲ အကျဉ်းသားများသာ သေဆုံးခဲ့ရပါသည်။
Source : Once A Glance Page
Photo Source :
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။