ပရိသတ်ကြီးရေ.. သုသုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်တွေရဲ့အချစ်တော် မိတ်ကပ်ညီညီမောင်(စမ်းချောင်း)ကတော့ အောင်မြင်တဲ့ပြည်သူချစ်အနုပညာရှင်အဖြစ် ရပ်တည်နေသူပဲ ဖြစ်ပါတယ်နော်..။

အနုပညာရှင်များစွာရဲ့ လက်စွဲမိတ်ကပ်ပညာရှင်အဖြစ် အမိုက်စားမိတ်ကပ်လိမ်းခြယ်မှုတွေနဲ့ အောင်မြင်နေသလို အနုပညာပိုင်းမှာလည်း အရွယ်စုံပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အပြည့်အဝအခိုင်အမာရရှိထားပြီး အောင်မြင်နေသူလည်း ဖြစ်ပါတယ်..။


Photo Credit - Wai Minn Maung’s Facebook
Photo Credit - Wai Minn Maung’s Facebook
Photo Credit - Wai Minn Maung’s Facebook
Photo Credit - Nyi Nyi Maung’s Facebook

လတ်တလောမှာလည်း ဇာတ်ကားတွေရိုက်ကူးနေပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ သုသုလေးကတော့ အခုတစ်ခါမှာလည်း ပရိသတ်တွေတခါမှမမြင်ဖူးသေးတဲ့ ယောင်္ကျားရင့်မာကြီးအဖြစ် အံ့သြစွာမြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်..။

V7 Entertainment က မကြာမီတင်ဆက်တော့ယ့်် အဆိုတော် ရဲနောင်ရဲ့ "သိပ်ချစ်လို့" သီချင်းအသစ်လေးထဲမှာ ယောင်္ကျားကြီးတစ်ယောက် ခပ်မိုက်မိုက်အစ်ကိုကြီးတစ်ယောက်အဖြစ် အခြားအနုပညာရှင်များစွာနဲ့ အတူ တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်..။


Photo Credit - Wai Minn Maung’s Facebook
Photo Credit - Wai Minn Maung’s Facebook
Photo Credit - Wai Minn Maung’s Facebook
Photo Credit - Wai Minn Maung’s Facebook
Photo Credit - Wai Minn Maung’s Facebook
Photo Credit - Wai Minn Maung’s Facebook

သရုပ်ဆောင်ကောင်းမှုတွေအပြင် ဟန်ဆောင်မှုမရှိပဲ ချစ်စရာကောင်းလွန်းတဲ့ ပွင့်လင်းတဲ့ စကားပြောဟန်လေးတွေကြောင့်လည်း ပျော်ပျော်ပါးပါး စနောက်တတ်တဲ့ သူ့ရဲ့စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်..။

မိန်းကလေးပုံစံနဲ့ပဲ အမြင်တွေ့မြင်နေရတဲ့ သုသုကိုတော့ အခုတစ်ခါမှာ ပရိသတ်တွေတခါမှ မမြင်ဖူးသေးတဲ့ ယောင်္ကျားတစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာမို့ ပရိသတ်တွေကလည်း စတိဝင်စားရင်း ရဲနောင်ရဲ့ မကြာခင်ထွက်ရှိတော့မယ့် သီချင်းအသစ်လေးကိုလည်း စောင့်မျှော်အားပေးလိုက်ရအောင်နော်..။

Photo Credit - Wai Minn Maung’s Facebook
Photo Credit - Wai Minn Maung’s Facebook
Photo Credit - Wai Minn Maung’s Facebook
Photo Credit - Wai Minn Maung’s Facebook

Photo Credit - Wai Minn Maung’s Facebook၊ Nyi Nyi Maung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။