ဖြူဖွေးနုဖတ်တဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားသူလေးကတော့ ပြည်သူချစ်မင်းသမီးလေး ဝတ်မှုန်ရွှေရည်ပါ။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားကြီးများတွင်လည်း ပီပြင်စွာသရုပ်ဆောင်မှုကြောင့် အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားသူတစ်ယောက်ပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက တစိမ့်စိမ့်ကြည့်ပြီး ချစ်နေရတာပါ။ 

Photo Credit- Wutt Hmone Shwe Yi’s Facebook Account
Photo Credit- Wutt Hmone Shwe Yi’s Facebook Account

ရွှေကစ်ဟာ လတ်တလောမှာလည်း ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးတဲ့ " တိမ်တွေပေါ်ကပန်း " ဆိုတဲ့ ဇာတ်ကားကြီး ရိုက်ကူးနေတာပါ။ အခုမှာလည်း ကိုရီးယားနိုင်ငံကို ရုပ်ရှင်ဇာတ်ဝင်ခန်း ရိုက်ကူးရန် ရောက်ရှိနေတာပါ။ ကိုရီးယားကို ရောက်ရှိနေတဲ့ ပုံရိပ်လေးတွေကိုလည်း ရွှေကစ်ရဲ့ Instagram myday မှာ တင်ထားတာပါ။ 

Photo Credit - Wutt Hmone Shwe Yi’s Instagram Stories
Photo Credit- Morris-myanmar’s Instagram Stories

သူမ ကိုရီးယားနိုင်ငံကို မသွားရောက်ခင်လေးမှာ Boy Band တစ်ခုဖြစ်တဲ့ Project K အဖွဲ့နဲ့ ကြော်ငြာလေးတစ်ခုရိုက်ကူးခဲ့တာပါ။ ဒီကြော်ငြာရိုကွင်းတွင် သူတို့အဖွဲ့နဲ့ရွှေကစ်လေးတို့ အမှတ်တရကထားကြတဲ့ ဗီဒီယိုလေးကိုတော့ Project Kအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Morris ရဲ့ instagram Stories မှာ တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Morris-myanmar's Instagram Stories

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။