ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ အရမ်းချစ်တတ်တဲ့ခင်ပွန်းနဲ့ ချစ်စရာသားလေးကို ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပါတယ်နော်။ဆုပန်ထွာက အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး မိသားစုအတွက်သာ အချိန်လုံလုံလောက်လောက်ပေးပြီး ဂရုစိုက်နေတာဖြစ်ပါတယ်။

Photo Credit:Supan Htwar's facebook
Photo Credit:Supan Htwar's facebook
Photo Credit:Supan Htwar's facebook

ဆုပန်ထွာတို့ဇနီးမောင်နှံက စိတ်တူကိုယ်တူရှိကြပြီး ချစ်ခင်ပွန်းကလည်း ဆုပန်ထွာကိုအလိုလိုက်ကာ ကြင်နာယုယပေးတဲ့သူပါနော်။တစ်ဦးတည်းသောသားလေးRoar Roarလေးကိုလည်း နွေးထွေးတဲ့မေတ္တာအပြည့်ပေးပြီး သေချာဆုံးမသွန်သင်လို့ ကလေးလေးက သိတတ်လိမ္မာတဲ့ သားလေးဖြစ်ပါတယ်။

Photo Credit:Supan Htwar's facebook
Photo Credit:Supan Htwar's facebook
Photo Credit:Supan Htwar's facebook

သားလေးRoar Roarကတော့ ကျောင်းတက်နေတဲ့အရွယ်ရောက်ပြီဖြစ်ပြီး British School Yangon (BSY) မှာကျောင်းထားထားတာဖြစ်ပါတယ်။Roar Roarလေးက ကျောင်းစတတ်တဲ့အချိန်မှာ ငိုပြီး အခုနောက်ပိုင်းမှာတော့ မငိုတော့ဘဲ ကျောင်းပျော်လေးဖြစ်နေပြီဖြစ်လို့ ကျောင်းသွားတဲ့အချိန်မှာ မေမေ့ကို smile faceလုပ်ပြပြီး တာ့တာပြသွားတဲ့ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Supan Htwar's facebook
Photo Credit:Supan Htwar's facebook
Photo Credit:Supan Htwar's facebook

Photo Credit:Supan Htwar's facebook

Video Credit:Supan Htwar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။