ပရိသတ်ကြီးရေ အကယ်ဒမီပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာဆိုရင် အနုပညာရှင်တွေဖြစ်ကြတာကြောင့် အပြန်အလှန်နားလည်ကူညီမှုတွေနဲ့ အေးအတူပူအမျှလက်တွဲနေကြတာဖြစ်ပါတယ်။သုသုနဲ့ဏကြီးက အသက်အရွယ် ၉နှစ်ကွာဟပြီး ဒါရိုက်တာဏကြီးကလည်း ချစ်ဇနီးချောလေးကို ကလေးလေးလို ပြုစုစောင့်ရှောက်ပါတယ်နော်။
သုသုလေးကတော့ ချစ်ခင်ပွန်းကို တစ်ခါတစ်လေ နွဲ့ဆိုးလေးဆိုးတတ်ပြီး ချစ်စရာအမူအရာလေးတွေနဲ့ စိတ်ကောက်တတ်တာကြောင့် ဒါရိုက်တာဏကြီးကတော့ ချစ်ဇနီးလေးရဲ့အပြုအမူတွေနဲ့တင် အရည်ပျော်ကျနေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း သုသုတို့ဇနီးမောင်နှံနှစ်ယောက်ကို အရမ်းချစ်ကြပြီး ထူးချွန်ကြတဲ့အနုပညာရှင်တွေလို့ သက်မှတ်ထားကြတာပါနော်။
သုသုတို့ဇနီးမောင်နှံက နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးအများအပြားကိုလည်းဖန်တီးကြဦးမှာဖြစ်ပြီး ပရိသတ်တွေကလည်း စောင့်မျှော်နေကြပါတယ်နော်။သုသုတို့ဇနီးမောင်နှံရဲ့ ချစ်စရာအပြုအမူလေးတွေကို ပရိသတ်တွေက အရမ်းသဘောကျကြပြီး အခုဆိုရင်လည်း သုသုက ချစ်ခင်ပွန်းနဲ့messengerမှာ ဘယ်လိုကိစ္စမျိုးကို အရေးတကြီးဆွေးနွေးထားတယ်ဆိုတာ ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။
Photo Credit:Paing Phyo Thu's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။