မိုးတွင်းကာလကြီးက နေရထိုင်ရတာ ကောင်းပေမယ့်၊ သွားရလာရသိပ်အဆင်မပြေပါဖူးနော်....။ အချို့ရေကြီးတဲ့နေရာတွေဆို ထဘီ၊ ဘောင်းဘီ၊ ပုဆိုးစတဲ့ ကိုယ့်ရဲ့ အောက်ပိုင်းအဝတ်တွေကို မဆိုအောင် သေချာခေါက်ခတ်တာမျိုး၊ အနားစတွေ မစိုစွတ်အောင် မ သွားရတာမျိုးတွေရှိပါတယ်...။ မိုးကရွာလို့ ထီးကတစ်ဖက်နဲ့၊ ထမင်းချိုင့်တို့ ဘာတို့ ဆွဲထားရသေးတယ်ဆို ကို့ယို့ကားယားနိုင်ပြီး အိမ်ကလုံးဝ စတိုင်လ်အပြည့်နဲ့ ပြင်ဆင်လာခဲ့သမျှ ဂွမ်းတော့တာပေါ့နော်...။ အခုခေတ်လူငယ်တွေအနေနဲ့ မိန်းကလေးပဲဖြစ်စေ၊ ယောက်ျားလေးပဲဖြစ်စေ ကိုယ်က အချိန်ပေးပြီး ပြင်ဆင်လာခဲ့သမျှ မိုးတွင်းကာလမှာ သဲထဲရေသွန်မဖြစ်အောင် မိုးရာသီနဲ့လိုက်ဖက်တဲ့ ဝတ်စားပုံ၊ ဝတ်စားနည်းလေးတွေကို အကြံဉာဏ်ပေး ဖော်ပြသွားမှာဖြစ်ပါတယ်...။

photo credit pngtree

admin ပထမဦးဆုံးအကြံဉာဏ်ပေးချင်တာကတော့ ကိုယ်နေ့စဉ်သွားလာနေရတဲ့ ရုံး၊ ဒါမှမဟုတ် သင်တန်းက uniform သတ်မှတ်ထားတယ်ဆိုရင် မိုးအရမ်းသဲတဲ့နေ့တွေမျိုးတွေမှာ အိမ်ကနေ အဆင်ပြေမယ့်ဝတ်စုံကိုသာ ဝတ်သွားပြီး ရုံးရောက်တဲ့အခါကျမှ လဲဖို့ uniform တစ်စုံယူဆောင်သွားရမှာဖြစ်ပါတယ်...။ ဒါမှမဟုတ် အလုပ်မရှုတ်ချင်ဖူးဆိုရင် ကိုယ့်ရဲ့ နေရာမှာပဲ အပိုတစ်စုံထည့်ထားရမှာဖြစ်ပါတယ်...။

photo credit pngtree

uniform မသတ်မှတ်ထားဖူးဆိုရင်တော့ ယောက်ျားလေးတွေအနေနဲ့ စတိုင်လ်ကျတဲ့ ဂျင်းဘောင်းဘီအတိုလေးတွေ၊ short pants အတိုလေးတွေကိုသာ ဝတ်ဖို့ တိုက်တွန်းချင်ပါတယ်...။ အကယ်၍ ကိုယ်ကလုံးဝ အတိုမကြိုက်ဖူးဆိုရင် ဂျင်းအရှည်ကို အိမ်ကထွက်ကတည်းက ဒူးခေါင်းလောက်အထိခေါက်သွားခြင်းဖြင့် လမ်းမှာ ပုံပျက်၊ ပန်းပျက် မဖြစ်သလို တစ်နေကုန် စိုစိစိဖြစ်နေတဲ့ ဒဏ်ကလည်း ကင်းဝေစေမှာဖြစ်ပါတယ်...။ မိုးကာမဝတ်ချင်ရင်တောင် အပေါ်က လက်ရှည်တစ်ထက် ထပ်ဝတ်သွား ခြင်းဖြင့် စတိုင်လ်ကျ မိမိုက်နေမှာဖြစ်သလို၊ အေးဒဏ်ကိုလည်းခံနိုင်မှာပါ...။ မိန်းကလေးတွေကို အကောင်းဆုံးအကြံဉာဏ်ပေးချင်တာကတော့ မိုးရေထဲမှာ ထဘီကို မပြီး လမ်းမလျှောက်ချင်ဖူးဆိုရင် စကတ်တိုလေးတွေ၊ ဒူးလောက်ဖုံးတဲ့ ဘောင်းဘီတိုလေးတွေ ဝတ်ရင်အဆင်ပြေမှာဖြစ်ပါတယ်...။ ကိုယ်နဲ့လိုက်မယ့် အနွေးထည်လေးကိုဝတ်ပြီး ထီးကလေးစောင်းကာ မိုးတွင်မှာ ဖက်ရှင်ကျကျ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်....။

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။