မင်းသမီးကြီးဒေါ်ခင်လေးဆွေရဲ့ မြေးမလေးဖြစ်တဲ့ စမိုင်းလ်ဟာဆိုရင် အဖွားလိုပဲ အနုပညာတွေကို ဝါသနာပါတာကြောင့် တစ်ခေတ်တစ်ခါမှာ အနုပညာအလုပ်တွေများစွာလုပ်ဆောင်ခဲ့ပါတယ်။စမိုင်းလ်တို့မိသားစုက နိုင်ငံခြားမှာ ခေတ္တနေထိုင်ခဲ့ကြပြီး အခုဆိုရင်တော့ မြန်မာပြည်မှာပြန်နေကာ ချစ်ရတဲ့အဖွားဒေါ်ခင်လေးဆွေနဲ့ အတူတူနေထိုင်ပြီး ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကလည်း တစ်မိသားစုလုံးအပေါ်ကို လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပြီး ချစ်ဇနီးလေးကိုလည်း တစ်ခါတစ်လေ Suprise လေးတွေလုပ်ပေးတတ်ပါတယ်။စမိုင်းလ်ရဲ့ သမီးချောလေး နှစ်ယောက်ကလည်း မေမေနဲ့တူလို့ ဘိုဆန်ဆန်လှကြပြီး သမီးကြီးလေးပေါ်ရှာကတော့ စမိုင်းလ်လိုပဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက်လေးလုပ်ဆောင်နေတာကြောင့် ပရိသတ်တွေကလည်း အားပေးဝန်းရံကြပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

စမိုင်းလ်တို့မိသားစုက အလှူအတန်းဆိုလည်း လက်မနှေးကြသူတွေဖြစ်လို့ အလှူရေစက်လက်နဲ့မကွာဆိုသလို မကြာခဏလှူဒါန်းနေကြတာဖြစ်ပါတယ်။မာန်မာနမကြီးဘဲ စိတ်သဘောထားဖြူစင်မွန်မြတ်တဲ့ စမိုင်းလ်တို့မိသားစု အခုဆိုရင်လည်း"မြို့တော်စည်ပင်ဝန်ထမ်းလေးတွေဘယ်လောက်အလုပ်လုပ်ကျေးဇူးတင်ပါတယ်ဆိုတာလေးတောင်ပြောဖို့မေ့မေ့နေလို့ သူငယ်ချင်းတွေရဲ့စည်ပင်ဝန်ထမ်းလေးတွေအတွက်ကုသိုလ်ဒါနပြုမဲ့အစီအစဉ်လေးမှာတတ်နိုင်သလောက်ဒါနပါဝင်.. အကျီအထည် ၁၀၀"ဆိုပြီး လှူဒါန်းလိုက်ပါသေးတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

Photo Credit:စမိုင်းလ် Smile's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။