ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင် ပြုလုပ်နိုင်တဲ့သူတွေကတော့ နှင်းဆီအဖွဲ့သားများပါ။ သူတို့ရဲ့ပြက်လုံးများဟာ ပရိသတ်တွေမရီဘဲမနေနိုင်အောင်ကို တော်လွန်းကြသူများပါ။ သူတို့အဖွဲ့သားများဟာ အနုပညာလောကတွင် အောင်မြင်ကျော်ကြားတဲ့သရုပ်ဆောင်များလည်း ဖြစ်ပါတယ်။ 

Photo Credit - Htin Aung Tun’s Facebook Account
Photo Credit- Pyae Zaw Phyo’s Facebook Myday

သူတို့အဖွဲ့သားများဟာ လိုအပ်တဲ့နေရာများတွင် ကူညီရန်အတွက် ရန်ပုံငွေအငြိမ့်ပွဲများမကြာခဏကျင်းပလေ့ရှိတာပါ။ မကြာခင်မှာလည်း ရန်ကုန်မြို့နှင့်မန္တလေးမြို့ကြီးနှစ်မြို့တို့တွင် ရေဘေးသင့်ပြည်သူများအတွက် နှင်းဆီလှေ လို့အမည်ရတဲ့ ရန်ပုံငွေအငြိမ့်ဖျော်ဖြေမှု ကျင်းပဖို့စီစဉ်နေကြတာပါ။ 

Photo Credit- နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း Facebook Page
Photo Credit- နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း Facebook Page

မနေ့ညကတော့ နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း Page နဲ့အဆိုတော် ထွန်းထွန်းတို့ရဲ့အကောင့်တွင်လည်း ဒီအငြိမ့်ပွဲအတွက် တိုင်ပင်းနေကြပုံများကို ဝေမျှထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း Facebook Page and Htin Aung Tun’s Facebook Account

Source - Pyaw Zaw Phyo’s Facebook Myday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။