ပရိသတ်ကြီးရေ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ ဇနီးမောင်နှံကတော့ သမီးချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။အာဘွိုင်းကလည်း ချစ်ဇနီးချောလေး မြတ်ရတနာကျော်ကို အရမ်းချစ်ပြီး မျက်နှာလေးတစ်ချက်မညှိုးအောင်ထားတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါနော်။မြတ်ရတနာကျော်ကလည်း သမီးတွေနဲ့ခင်ပွန်းအပေါ်ကို အစစအရာရာဂရုစိုက်ပေးတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပါ။

Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook
Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook
Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook
Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook

မြတ်ရတနာကျော်နဲ့အာဘွိုင်းတို့ ဇနီးမောင်နှံက ခရီးတွေထွက်ရတာလည်းဝါသနာပါတာကြောင့် အားလပ်ရက်တိုင်းမှာ ခရီးတွေထွက်ကြတာဖြစ်ပါတယ်။အာဘွိုင်းတို့ ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် Our Travel Diaries ဆိုတဲ့ ခရီးသွားပေ့ချ်လေးမှာ ခရီးသွားခဲ့တဲ့ အတွေ့အကြုံတွေကို ချစ်တဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတာဖြစ်ပါတယ်။မြတ်ရတနာကျော်ကလည်း ကလေးတစ်ယောက်မိခင်လို့ထင်ရက်စရာမရှိလောက်အောင် လှပလွန်းတဲ့သူလေးပါနော်။

Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook
Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook
Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook
Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook

အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့ သမီးငယ်လေး Scarlett ကလည်း ဖေဖေ၊မေမေနဲ့တူလို့ အရမ်းချစ်စရာကောင်းပြီး ကြီးလာရင် မေမေ့လိုပဲ အရမ်းလှမယ့် သမီးချောလေးဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင်တော့ Scarlett လေးရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး သမီးလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးမှာ မေမေမြတ်ရတနာကျော်က မိသားစုအမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာမျှဝေခဲ့ပါတယ်နော်။

Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook
Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook
Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook

Photo Credit:Myat Yadanar Kyaw& Kyaw Phyo Tun's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။