ပြည်တွင်း မြန်မာ့လက်ဝှေ့လောကမှာ ထိပ်တန်းစာရင်းဝင်တစ်ဦးဖြစ်တဲ့ စိုးလင်းဦး(သံမဏိစိုးကြီး) ကိုတော့ အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပြည်တွင်း ပြည်ပပြိုင်ပွဲများစွာကို ဝင်ရောက်ထိုးသတ်ဖူးသူတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်း လက်ဝှေ့ဖိုက်တာ ၁၀ ဦးထဲမှာ အပါအဝင်ပဲဖြစ်ပါတယ်။ ရွှေရာမာန်ကို ရှုံးနိမ့်ခဲ့ပြီး ပရိသတ်တွေနဲ့အချိန်အတော်ကြာဝေးကွာခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။  

photos & Video credit - kyar Man Hon and Hla MIn
photos & Video credit - kyar Man Hon and Hla MIn
photos & Video credit - kyar Man Hon and Hla MIn

စက်တင်ဘာလ ၁၂ ရက်နေ့ မနေ့က မန္တလေးမြို့မှာ ထိုးသတ်ခဲ့တဲ့ စိုးလင်းဦးနဲ့ စိုးမောင်ဦးတို့ရဲ့ ပွဲကောင်းတစ်ပွဲကိုတော့ ပရိသတ်တွေလည်း ကြည့်မိကြမယ်ထင်ပါတယ်။ အမိုက်စားပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို စိုးလင်းဦးရဲ့ လက်ဝှေ့စွမ်းရည်ကိုတော့ ယခင်အတိုင်းတွေ့မြင်နိုင်ခဲ့မှာပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာတော့ စိုးလင်းဦးတို့ပွဲကတော့ အဓိကပွဲကြီးအဖြစ်ပါဝင်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်ဖိုက်တာ စိုးမောင်ဦးကို လက်ရည်အသာစီးရယူနိုင်ခဲ့ပေမယ့် သရေရလဒ်သာပိုင်ဆိုင်နိုင်ခဲ့ပါတယ်။  

photos & Video credit - kyar Man Hon and Hla MIn
photos & Video credit - kyar Man Hon and Hla MIn
photos & Video credit - kyar Man Hon and Hla MIn

ပြိုင်ပွဲတလျှောက် နှစ်ဖက်ဖိုက်တာတွေရဲ့ အလူးအလဲထိုးသတ်မှုတွေကို တွေ့မြင်ရမှာဖြစ်ပြီး ၅ ချီတိုင်တိုင် ပြင်းထန်တဲ့ ကစားမှုတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ အကောင်းဆုံး တိုက်ခိုက်ခဲ့ပေမယ့် သရေရလဒ်သာပိုင်ဆိုင်နိုင်ခဲ့တဲ့ စိုးလင်းဦးနဲ့ စိုးမောင်ဦးတို့ရဲ့ ပွဲကောင်းကို ပြန်လည်မျှဝေပေးရင်း မကြာမီယှဉ်ပြိုင်မည့် စိုးလင်းဦး- ရွှေရာမာန်မကျေပွဲလေးကို အားပေးဖို့ သတင်းကောင်းပါးလိုက်ပါတယ်နော်.....။

photos & Video credit - kyar Man Hon and Hla MIn 

photos & Video credit - kyar Man Hon and Hla MIn
photos & Video credit - kyar Man Hon and Hla MIn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။