ချစ်ပရိသတ်ကြီးရေ....နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးလျက်ရှိတဲ့ တိုင်ရွန်ကတော့ ယခုနောက်ပိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မြန်မာပြည်ရောက် ကိုးရီးယားမင်းသားတစ်ယောက်လို့ ထင်မှတ်ရလောက်အောင် ချောမောခန့်ညားတဲ့ တိုင်ရွန်ကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာပါ ပါဝင်ရိုက်ကူးသရုပ်ဆောင်နေပြီဖြစ်ပါတယ်။

Photo Credit:Tyron Bejay Facebook
Photo Credit:Tyron Bejay Facebook

သူကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက်လုပ်ကိုင် နေတာဖြစ်ပြီး သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ BKK မှာ shooting သွားရိုက်နေတဲ့ ရိုက်ကွင်းကအမှတ်တရပုံလေးတွေကို သူရဲ့ အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။တိုင်ရွန်ကတော့ အနုပညာအလုပ်တွေဆက်တိုက်လုပ်နေသလို ခရီးတွေလည်းထွက်ရှိနေတာဖြစ်ပါတယ်။

Photo Credit:Tyron Bejay Facebook
Photo Credit:Tyron Bejay Facebook

အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း တိုင်ရွန်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Photo Credit:Tyron Bejay Facebook
Photo Credit:Tyron Bejay Facebook

Source:Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။