ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြပြီး ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်သရုပ်ဆောင်ဖြစ်သလို ဒါရိုက်တာလည်းဖြစ်တဲ့ ယုန်လေးနဲ့ သရုပ်ဆောင်စည်သူပလပ်ကျွတ်တို့ကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ နယ်ပယ်အသီးသီးကနေ ပရိသတ်တွေကိုယ်စီအခိုင်အမာရရှိထားကြတဲ့ သူတို့နှစ်ယောက်ကတော့ အနုပညာအလခုပ်တွေကိုလည်း အတူလက်တွဲလုပ်ဆောင်လေ့ရှိတာလည်း တွေ့ရပါတယ်..။


Photo Credit – Yone Lay’s Facebook
Photo Credit – Sithu’s Facebook

ပရိသတ်ကြီးရေ.. ဒီကနေ့ စက်တင်ဘာ(၁၃)ရက်နေ့လေးကတော့ အဆိုတော်ယုန်လေးရဲ့ မွေးနေ့ရက်လေးဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးထားကြတာ တွေ့ရပါတယ်..။

ဒီကနေ့မှာ မွေးနေ့ကျရောက်လာတဲ့ ယုန်လေးအတွက် စည်သူပလပ်ကျွတ်ကလည်း မွေးနေ့ဆုတောင်းစကားလေးနဲ့အတူ ပရိသတ်တွေမသိသေးတဲ့ ယုန်လေးရဲ့အကြောင်းလေးတွေကို ဖွင့်ချပြောပြလိုက်ပါတယ်နော်..။


Photo Credit – Sithu’s Facebook
Photo Credit – Sithu’s Facebook

အပြောကြမ်းတယ် စိတ်ဆတ်တယ်လို့ ပရိသတ်တွေသိထားကြတဲ့ ယုန်လေးရဲ့ အဆင့်အတန်းမခွဲခြားပဲ ပြည့်ဝတဲ့ စိတ်သဘောထားအကြောင်းကို စည်သူပလပ်ကျွတ်က ပရိသတ်တွေကို အခုလို ပြောပြထားတာ ဖြစ်ပါတယ်..။

“အားလုံးထင်ထားတာ ခင်များဟာအပြောကြမ်းတယ် ဆဲတယ်

အထာကြီးနဲ့လို့ထင်နေကြတဲ့ ကိုလေး ခ ကိုယုန်လေးဟာ အင်မတန်မှ

သဘောကောင်းပြီ စိတ်ထားဖြူစင်တဲ့လူ ဘာသာရေလည်မခွဲခြားဘူး

လူအဆင့်အတန်းလည်းခွဲခြားဘူး အောက်ငယ်သားတွေပေါ်မှာလည်း စာနာကိုယ်ချင်းစာတတ်တယ် လူကိုလူလိုမြင်တယ် အားငယ်အဆင်မပြေတဲ့ကျွန်တော်တို့လို့ ဇာတ်ပို့ဇာတ်ရံတွေပေါ်မှာလည် ကူညီတယ်

သူအကြောင်းရေးမယ်ဆိုရင် မိုးလင်းသွားမယ် မွေးနေ့မှစ ကိုယ်ချစ်တဲ့အနုပညာနဲ့အတူ တစ်သက်လုံး အောင်မြင်စွာဖြတ်သန်းနိုင်ပါစေဗျ

Happybirthday ညီလေးနယ်ရောက်နေလို့ အဝေးကနေ

ဆုတောင်းပေးလိုက်ပါတယ် အသိသတိ မာဖီယား..” ဆိုပြီး စည်သူပလပ်ကျွတ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ မွေးနေ့ဆုဆောင်းစကားလေးနဲ့အတူ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photo Credit – Sithu’s Facebook
Photo Credit – Yone Lay’s Facebook

Photo Credit – Sithu’s Facebook ၊ Yone Lay’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။