မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း)ကတော့ မိတ်ကပ်လောကတွင်အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတာပါ ။ သူမရဲ့လိမ်းခြယ်ပြင်ဆင်မှုတွေကို အနုပညာရှင်များသာမကပဲ မိန်းကလေးတိုင်းကနှစ်သက်ကြတာပါ။ သူမဟာ ရုပ်ရှင်အသိုင်းအဝိုင်းကအနုပညာရှင်တော်တော်များများကိုလည်း သူမရဲ့မိတ်ကပ်အစွမ်းတွေနဲ့အလှတွေပိုမိုပေါ်လွင်စေသူပါ။ 

Photo Credit- Nyi Nyi Maung's Facebook Account
Photo Credit- Nyi Nyi Maung's Facebook Account

သူမဟာ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်အဖြစ်နဲ့သာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးများပါ ရိုက်ကူးနေရတာပါ။ သူမပါဝင်ရိုက်ကူးထားတဲ့ ကျားကျားကြိုက်ကြိုက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ရုပ်ရှင်ရုံကြီးများတွင် ယနေ့ထိတိုင်ရုံတင်ပြသနေရဆဲပါ။ လွန်ခဲ့တဲ့နာရီပိုင်းလောက်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် Live Video လေးတစ်ခုတင်ထားတာပါ။

Photo Credit- Nyi Nyi Maung's Facebook Account
Photo Credit- Nyi Nyi Maung's Facebook Account

ဒါကတော့ ပုပ္ပါးလမ်းတွင် စတုဒီသာ ထမင်း၊သီးစုံကုလားဟင်း၊ဝက်သားအာလူး၊ငါးပိကြော်ကျွေးနေတဲ့ ဗီဒီယိုလေးပါ။ ဒီစတုဒီသာလေးကိုတော့ သုံရက်တိုင်တိုင် ကျွေးမွေးလှူဒါန်းသွားမှာပါဆိုပြီး သရုပ်ဆောင်မေကဗျာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် သုသုရဲ့ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Nyi Nyi Maung's Facebook Account And May Kabyar's Facebook Account

Photo Credit- Nyi Nyi Maung's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။