အဆိုတော် ထွန်းထွန်းကတော့ ဂီတဘက်တွင်သာမကပဲ သရုပ်ဆောင်ဘက်တွင်ပါ အောင်မြင်မှုတွေများစွာ ရရှိထားသူတစ်ယောက်ပါ။ သူဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်တိုင်အောင် ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့ ကြိုးစားလုပ်ကိုင်နေတာပါ။ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
မကြာခင်ရက်ပိုင်းမှာလည်း နှင်းဆီအဖွဲ့သားများနဲ့အတူ အငြိမ့်ဖျော်ဖြေပွဲကြီးကို ရန်ကုန်နဲ့မန္တလေးမြို့ကြီးနှစ်မြို့လုံးမှာ ကျင်းပသွားမှာပါ။ ဒါ့အပြင် သူပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံကြီးသား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို စင်ကာပူနိုင်ငံတွင် သွားရောက်ပြသမှာဖြစ်တဲ့အတွက် သရုပ်ဆောင်မင်းမော်ကွန်းနှင့်ဇာတ်ကားကြီးတွင်ပါဝင်သရုပ်ဆောင်ထားတဲ့ အခြားသောအနုပညာရှင်များနဲ့အတူ စင်ကာပူနိုင်ငံကို သွားရောက်မယ့်အကြောင်းလေးကိုလည်း မနေ့ညက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် Live လွှင့်ကာ ပြောကြားထားတာပါ။
လတ်တလောမှာလည်း သူ့ရဲ့အချစ်ရေးလေးကို ပရိသတ်တွေအားလုံးက စိတ်ဝင်စားနေကြတာပါ။ သူ့ရဲ့ ချစ်သူလေးကိုတော့ လက်ရှိမှာ ထုတ်ဖော်ပြသခြင်းမရှိသေးပါဘူး။ လွန်ခဲ့တဲ့နာရီပိုင်းလောက်ကတော့ ထွန်းထွန်းရဲ့ Facebook myday လေးမှာ ချစ်ရသူလေးရဲ့ မျက်နှာလေးကို စတစ်ကာအုပ်ကာ ပုံရိပ်လေး တစ်ခုတင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
Photo Credit - Htin Aung Tun's Facebook Myday
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။