ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ လျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မေမြင့်မိုရ်က အနုပညာလောကထဲကိုစတင်ဝင်ရောက်လာတဲ့အချိန်မှာ Mrtv4 ကထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေက သတိထားမိလာပြီး သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေက ပီပြင်ပိုင်နိုင်လို့ ပရိသတ်တွေက သဘောကျခဲ့ကြပါတယ်။

Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook

မေမြင့်မိုရ်ကတော့ ပြီးပြည့်စုံတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး စိတ်ထားလေးကလည်းဖြူစင်လို့ လူချစ်လူခင်ကပေါများပါတယ်နော်။မေမြင့်မိုရ်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဇာတ်လမ်းတွဲတွေကိုလည်း ပရိသတ်တွေက တစ်ခဲနက်အားပေးကြည့်ရှု့ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်မျှော်ကြည့်ရှု့နေကြတာပဲဖြစ်ပါတယ်။

Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook

အခုဆိုရင်တော့ မေမြင့်မိုရ်က မိသားစုနဲ့အတူတူ ဥရောပတစ်ခွင်ကို အပန်းဖြေခရီးထွက်နေပြီး မိသားစုတွေပျော်ပျော်ပါးပါးနဲ့လည်ပတ်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပဲရစ်မြို့ရဲ့အလှအပတွေကို အသေအချာခံစားပြီး မိသားစုအမှတ်တရဓာတ်ပုံလေးတွေရိုက်နေကြကာ မေမြင့်မိုရ်တို့ မောင်နှမနှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက်စနောက်ပြီး ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook

Photo Credit:May Myint Mo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။