သရုပ်ဆောင် မင်းသားချောလေး ရှင်မွေလကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေကြားမှာ အတော်လေး အားပေးဝန်းရံမှုရရှိထားတာ ဖြစ်ပါတယ်။ အကယ်ဒမီမင်းသားချော မြင့်မြတ်နဲ့လည်း ရုပ်ချင်းဆင်တဲ့ ရှင်မွေလက ပရိသတ်တွေရဲ့အာရုံစိုက်ခြင်းခံခဲ့ရပြီး နောက်ပိုင်းမှာတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit-Shin Mwe La's FB
Photo Credit-Shin Mwe La's FB
Photo Credit-Shin Mwe La's FB

ရှင်မွေလအနေနဲ့ " ပျားရည်အိုင်၊ ကျိန်စာပြယ် ဒဏ္ဍာရီ၊ တတိယမြောက်ဆုံမှတ်၊နှင်းဆီ" စတဲ့ဇာတ်လမ်းတွဲလေးတွေကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ "နှင်းဆီ" ဇာတ်လမ်းတွဲလေးမှာတော့ ရှင်မွေလက "ဇော်" ဆိုတဲ့ကောင်လေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ အခုလည်း ရှင်မွေလက သိုင်းသင်နေတဲ့ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို စကားလေးတစ်ခွန်းပြောထားပါတယ်။

Photo Credit-Shin Mwe La's FB
Photo Credit-Shin Mwe La's FB
Photo Credit-Shin Mwe La's FB

ရှင်မွေလက " မိမော် နဲ့ မမနှင်း ကို ဖွန်လာကြောင်တဲ့သူတွေကို ကြုံးမလို့ “ ဇော် ” သိုင်းသင်နေပြီ " ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ရှင်မွေလတစ်ယောက် နှင်းဆီဇာတ်လမ်းတွဲထဲက မိထွေးဖြစ်တဲ့ မမနှင်းနဲ့ ညီမလေးဖြစ်တဲ့ မိမော်တို့ကို ကာကွယ်ပေးဖို့ သိုင်းလေ့ကျင့်နေတာဖြစ်ကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး ရှင်မွေလရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Shin Mwe La's FB 

Photo Credit-Shin Mwe La's FB
Photo Credit-Way Lar Ri's FB
Photo Credit-Way Lar Ri's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။