ချစ်စရာကောင်းတဲ့ သမီးလေးတွေနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် စမိုင်းလ်ပါ။ သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်တိုင်အောင် လုပ်ကိုင်နေသူတစ်ယောက်ပါ။ ပရိသတ်တွေကလည်း ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ သူတို့မိသားစုလေးကို အားကျနေကြတာပါ။  

Photo Credit - စမိုင်းလ် Smile Facebook Page
Photo Credit - စမိုင်းလ် Smile Facebook Page

သမီးလေးတွေဟာလည်း ဖေဖေနဲ့မေမေတို့ရဲ့ သွန်သင်ဆုံးမမှေုတွေအောက်မှာ လိမ္မာရေးခြားရှိလွန်းတာကြောင့် အားလုံးကချီးကျူးနေကြတာပါ။ စမိုင်းလ်ကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်ကြီးအတွက်အမြဲတမ်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှနေတာပါ။ အခုမှာလည်း သမီးလေးရဲ့ အခွီဗီဒီယိုလေးတစ်ခုတင်ထားတာပါ။  

Photo Credit - စမိုင်းလ် Smile Facebook Page
Photo Credit - စမိုင်းလ် Smile Facebook Page

သူမရဲ့ Facebook Page တွင် " ကလိုဝီရယ်ခွေးကိုနှိပ်စက်တာရှူးရှူးတွေတောင်ထွက်ကြကုန်ပီ

ခွေးကလူအရမ်းကပ်လို့တစ်ချိန်လုံးချီထားတော့ လမ်းလျှောက်ပေးရမယ်ဆိုပြီးစက်ပေါ်တင်ပေးတာ " ဆိုပြီး ရေးသားထားပြီး ဗီဒီယိုလေးပါ တင်ထားတာပါ။ ပရိသတ်တွေအတွက် သမီးငယ်လေးရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - စမိုင်းလ် Smile Facebook Page 

Photo Credit - စမိုင်းလ် Smile Facebook Page
Photo Credit - စမိုင်းလ် Smile Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။