နီလန်းကတော့ ချိုသာတဲ့ အသံလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်နေရာယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ myanmar idol ပြိုင်ပွဲကြီးကနေ ပေါ်ထွက်လာတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး myanmar idol ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူဖြစ်ပါတယ်။

photo credit : Nilen Parmawi 's facebook
photo credit : Nilen Parmawi 's facebook

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူမကတော့ အနပညာလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေသူလေးပဲ ဖြစ်ပြီး သီချင်းသစ်တွေကိုလဲ ပရိသတ်တွေရဲ့ ရှေ့ကို ချပြထားရာ အဆိုပါသီချင်းလေးတွေဟာလဲ ပရိသတ်တွေ ကြိုက်နှစ်သက်ကြပါတယ်။ နီလန်းကတော့ ယခုမှာ Norwayနိုင်ငံမှာ ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

photo credit : Nilen Parmawi 's facebook
photo credit : Nilen Parmawi 's facebook

ယခုမှာတော့ နီလန်းဟာ Norwayနိုင်ငံမှာ ချစ်စရာကောင်းတဲ့ ပုံစံလေး အေးချမ်းတဲ့ အပြုံးလေးတွေနဲ့ ပျော်ရွှင်နေပါတယ်။ သူမကတော့ " Myanmar ပြည်ကို ပြန်တော့မယ်...မပြန်ခင် Oslo နဲ့ Bangkok မှာ သွားကဲလိုက်ဦးမယ် Norway ကအချစ်တော်များကိုလည်းသတိရနေမယ်နော်...Norway နိုင်ငံမှာ သုံးလ အတွင်း ချစ်ခင်ပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်...အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ...အခွင့်အရေးရရင် ပြန်လည် တွေ့ချင်ပါသေးတယ်..." ဆိုပြီး ချစ်စရာပုံရိပ်လေးနဲ့ အတူ ရေးသားထားခဲ့ပါတယ်။

photo credit : Nilen Parmawi 's facebook 

photo credit : Nilen Parmawi 's facebook
photo credit : Nilen Parmawi 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။