ကဲ...ချစ်ပရိသတ်တို့ရေ... ဒီတစ်ခါမှာတော့ တကယ့်နာမည်ကြီး ကမ္ဘာကျော်နေရာတစ်ခုလည်းဖြစ်ပြီးတော့ အထင်ကရရုပ်ထုတွေနဲ့ အသက်ဝင်လို့နေတဲ့ အီစတာကျွန်းအကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်နော်။ တီဗီထဲမှာ ကျောက်ရုပ်ထုကြီးတွေနဲ့ ခဏခဏတွေ့မြင်နေရတဲ့ ဒီကျွန်းကြီးဟာ စိတ်ဝတ်စားဖွယ်အရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်နော်။ ကမ္ဘာကျော်မွိုင် ကျောက်ရုပ်ရုပ်ထုတွေ(Moai) ဟာ ကမ္ဘာမြေပြင်ပေါ်မှာရှိတဲ့ အထီးအကျန်ဆုံးသောကျွန်းတွေအနက်က တစ်ခုဖြစ်တဲ့ အီစတာကျွန်းပေါ်မှာတည်ရှိပါတယ်။

Photo Source : Pngtree

အဲ့ဒီရုပ်ထုတွေကိုတော့ အီစတာကျွန်းကို ပိုနီနေးရှားများကကိုလိုနီပြုခဲ့စဉ်က ခရစ်နှစ် ၁၂၅၀ နဲ့ ၁၅၀၀ အတွင်းမှာ အများဆုံးထုလုပ်ခဲ့ကြပါတယ် ။ကွယ်လွန်သွားတဲ့ ဘိုးဘွားဘီဘင်တွေကို ကိုယ်စားပြုနိုင်ဖို့ မွိုင်ရုပ်ထုတေကို စွမ်းရည်ကြီးမားသော ရှေးဟောင်းအကြီးအကဲတွေရဲ့ ပုံကို ယူထားကြပါတယ်။ကျွန်းပေါ်မှာရှိတဲ့ ရုပ်ထုတွေအနက် အမြင့်ဆုံးရုပ်ထုဟာ ပါရိုရုပ်ထုဖြစ်ပြီးတော့ ၁၀ မီတာမြင့်ပြီး ၇၅ တန်လေးပါတယ်။

Photo Source : Pngtree

ကျွန်းပေါ်ကို ဥရောပတိုက်သားတွေပထမဆုံးစတင်ရောက်ရှိလာချိန်မှာ ရုပ်ထုတွေဟာ ကျွန်းပေါ်မှာပဲကျန်ရှိနေခဲ့ပါသေးတယ်။ သို့သော် ရုပ်ထုအများစုဟာ မျိုးနွယ်စုတွေအချင်းချင်း ပဋိပက္ခဖြစ်ပွားခဲ့စဉ်က လှဲချဖျက်ဆီးခံခဲ့ရပါတယ်။ယခုအချိန်မှာတော့ အီစတာကျွန်းပေါ်မှာ မွိုင်ရုပ် ၅၀ ခန့်ရှိနေပြီး အီစတာဟာ ကျွန်းတစ်ခုအဖြစ်သာမကပဲ ပြတိုက်တစ်ခုသဖွယ်ဖြစ်လို့နေပါတယ်နော်။ ကဲ ... ပရိတ်သတ်တို့လည်း ရုပ်ရှင်တွေထဲမှာ ခဏခဏတွေ့မြင်နေရတဲ့ အီစတာကျွန်းကြီးအကြောင်းသိလိုက်ရလို့ ဗဟုသုတ အနည်းငယ်တိုးပွားသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်နော်...

Photo Source : Pngtree
Photo Source : Pngtree

Source : မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။