ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော ဘေဘီမောင်ကတော့ အနုပညာလောကမှာ ယောင်္ကျားလေးပရိသတ် မိန်းကလေးပရိသတ်မရွေး အားလုံးက ချစ်ခင်အားပေးနေကြတဲ့ ပရိသတအချစ်တော်လေးပါပဲ..။

အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို အဆိုတော်သားဂန်းနဲ့အတူ ကြည်နူးပျော်ရွှင်စရာ အချစ်ရေးလေးကိုလည်း ဖြတ်သန်းနေပါ..။


Photo Credit - Baby Maung’s Facebook
Photo Credit - Baby Maung’s Facebook

ချစ်ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ဘေဘီလေးကတော့ လတ်တလောမှာလည်း ဇာတ်ကားရိုက်ကူးနေပြီး ချစ်စရာကောင်းတဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် အမြဲပြန်လည်မျှဝေလေ့ရှိတာ တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း ဘေဘီလေးတစ်ယောက် ရဲရဲတောက် အနီရောင်မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ ရိုးရှင်းအေးချမ်းလွန်းတဲ့ မြန်မာဆန်ဆန်အလှတရားတွေနဲ့ မြင်သူပရိသတ်တွေကို အမြင်အေးချမ်းစွာနဲ့ လှသွေးကြွယ်နေပြန်ပါတယ်နော်..။


Photo Credit - Baby Maung’s Facebook
Photo Credit - Baby Maung’s Facebook

ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သူမရဲ့ အမှတ်တရဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း ဘေဘီလေးက သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာမို့ အားလုံးကလည်း သဘောကျအချစ်ပိုနေကြပါတယ်နော်..။

“မြင်သူစိတ်ထဲအေးချမ်းဖို့ မြန်မာဆန်ဆန်လေးဝတ်ဆင်စို့..” ဆိုပြီး ဓာတ်ဖမ်းထားတဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Baby Maung’s Facebook
Photo Credit - Baby Maung’s Facebook

Photo Credit - Baby Maung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။