ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုခဲ့ရတဲ့ ထိပ်ထားသခင်ကတော့ လူချစ်လူခင်ပေါများတဲ့ ကလေးသရုပ်ဆောင်လေးတစ်ဦး ဖြစ်ပါတယ်။ အလှကုန်ကြော်ငြာလေးတွေ စတင်ရိုက်ကူးရင်း ပရိသတ်တွေရဲ့အားပေးမှုရရှိလာခဲ့တဲ့ ထိပ်ထားလေးက ပရိသတ်တွေသာမက အနုပညာရှင်တွေအားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
အခုဆိုရင် ထိပ်ထားသခင်က ကြော်ငြာနဲ့သီချင်းဗီဒီယိုလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း လက်ခံရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ အသက် (၅) နှစ်ပြည့်သွားပြီဖြစ်တဲ့ ထိပ်ထားလေးက အရင်ကထက်ပိုပိုပြီး စကားတတ်လာသလို English စာကိုလည်း ကောင်းကောင်းကျွမ်းကျင်နေပြီ ဖြစ်ပါတယ်။ အခုလည်း ထိပ်ထားလေးက ပရိသတ်တွေကို ကိုယ်တိုင်ရေးထားတဲ့ English သီချင်းလေးနဲ့ ဖျော်ဖြေပြခဲ့ပါတယ်။
ထိပ်ထားလေးက သူကိုယ်တိုင်ရေးစပ်ထားတယ်ဆိုတဲ့ English သီချင်းလေးကို အသံပါဝါကောင်းကောင်းနဲ့သီဆိုပြီး ကပြဖျော်ဖြေသွားခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သတ်ရင် ပါရမီရှိတဲ့ ထိပ်ထားလေးရဲ့ ဟန်ပန်အမူအရာလေးတွေကတော့ တကယ့်ကို ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကိုယ်တိုင်ရေးစပ်ထားတဲ့ English သီချင်းလေးနဲ့ သီဆိုဖျော်ဖြေထားတဲ့ထိပ်ထားလေးရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။
Video Credit-Myanmarload TV
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။