စက်တင်ဘာ ၁၅ ရက်မှာ ယှဉ်ပြိုင်ကစားသွားမယ့် မကွေးအက်ဖ်စီအသင်းနဲ့မတိုင်မီ ရန်ကုန်ယူနိုက်တတ်အသင်းသားတွေဟာ လေ့ကျင့်ရေးအစီအစဉ်တွေကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အသင်း နှင့် မြန်မာလက်ရွေးစင် ယူ-၂၃ အသင်းတို့မှ ပြန်လည်ရောက်ရှိလာတဲ့ ရန်ကုန်ယူနိုက်တက် ကစားသမားတွေဟာ အသင်းနှင့်ပြန်လည်ပူးပေါင်းနေပါတယ်။
ရန်ကုန်ယူနိုက်တတ်အသင်းဟာ ရှမ်းယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်ထိ ယှဉ်ပြိုင်ကစားနေရတာပဲ ဖြစ်ပြီး ရန်ကုန်ယူနိုက်တတ်အသင်းဟာ လက်ရှိမှာ ရှမ်းယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်အသင်းတို့ရဲ့ အောက်အဆင့်၃မှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။
ရာသီပိတ် ပွဲစဉ်(၂၂) အဖြစ် စက်တင်ဘာ ၁၅ ရက်မှာ တစ်ချိန်တည်းယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်-မကွေးအက်ဖ်စီ၊ ဇွဲကပင်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်-ရခိုင်ယူနိုက်တက်အသင်းတို့ဟာ တွေ့ဆုံနေတာပဲ ဖြစ်ပါတယ်။ ရှမ်းယူနိုက်တတ်က ရမှတ်၄၃ မှတ် ဧရာဝတီယူနိုက်တက်က ရမှတ် ၄၀မှတ် ရန်ကုန်ယူနိုက်တတ်က ရမှတ်၄၁မှတ်နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။
photo credit : Yangon United Football Club 's facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။