မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ကတော့ အနုပညာရှင်တွေအားကိုးအားထားပြုနေရတဲ့ အရမ်းတော်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ညီညီမောင်ကို ပရိသတ်တွေက သုသုလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သုသုရဲ့ချစ်စရာအပြုအမူလေးတွေနဲ့ အပြောအဆိုလေးတွေကို ပရိသတ်တွေက အရမ်းသဘောကျပြီး ချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Nyi Nyi Maung's facebook
Photo Credit:Nyi Nyi Maung's facebook
Photo Credit:Nyi Nyi Maung's facebook

သုသုကတော့ မိတ်ကပ်ခင်စန်းဝင်း၊လင်းလင်း၊မထက် တို့နဲ့လည်း ကျားကျားကြိုက်ကြိုက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပါသေးတယ်နော်။သုသုရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး သုသုတို့လေးယောက်လုံးကို ပရိသတ်တွေက တစ်ခဲနက်အားပေးကြတာဖြစ်လို့ ဇာတ်ကားကြီးရုံတင်ချိန်မှာလည်း ရုံပြည့်ရုံလျှံကိုအားပေးကြတဲ့အထိ သုသုတို့လေးယောက်က အောင်မြင်ကြတာပါနော်။

Photo Credit:Nyi Nyi Maung's facebook
Photo Credit:Nyi Nyi Maung's facebook
Photo Credit:Nyi Nyi Maung's facebook

သုသုက လူလေးကလည်းချစ်စရာကောင်းပြီး စိတ်ထားလေးကလည်းဖြူစင်မွန်မြတ်တာကြောင့် လူချစ်လူခင်ကလည်းပေါများပါတယ်နော်။အခုဆိုရင်တော့ သုသုက သူငယ်ချင်းတွေနဲ့အတူ ပုပ္ပါးဘက်ကိုရောက်ရှိနေပြီး ပျော်ပျော်ရွှင်ရွှင်နဲ့လည်ပတ်နေတာဖြစ်ပါတယ်။သုသုကတော့ ရောက်တဲ့နေရာတိုင်းမှာအလှူရေစက်လက်နဲ့မကွာတဲ့သူဖြစ်လို့ အခုဆိုရင်လည်း စတုဒီသာကျွေးမွေးပြီး ပျော်ပျော်ပါးပါးဆင်နွှဲခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုကပါတယ်နော်။

Photo Credit:Nyi Nyi Maung's facebook
Photo Credit:Nyi Nyi Maung's facebook
Photo Credit:Nyi Nyi Maung's facebook

Photo Credit:Nyi Nyi Maung's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။