ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်နေမျိုးအောင်၊ မေကဗျာနဲ့ ညီညီမောင်တို့လည်း အပါအဝင်ပါပဲ..။

အောင်မြင်တဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြတဲ့ သူတို့ကတော့ မတူညီတဲ့ အနုပညာနယ်ပယ်အသီးသီးတွေကနေ အရွယ်စုံပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝပိုင်ဆိုင်ထားကြသူတွေပဲ ဖြစ်ပါတယ်..။


Photo Credit - Thandar Naymyo Aung’s Facebook
Photo Credit - Thandar Naymyo Aung’s Facebook

အခုတစ်ခါမှာလည်း အဘိုးမင်းခေါင်ထွက်ပွဲအတွက် ပုပ္ပါးကို အတူသွားရင်း အလှူအတန်းတွေ အတူပြုလုပ်ကာ ပုပ္ပါး ဒေါင်းလည်ဇရပ်မှာ နေ့လည်(၁၂)နာရီအချိန်မှာ ထမင်းဟင်း စတုဒီသာအလှူတွေပြုလုပ်ပြီး ပျော်ပျော်ပါးပါးနဲ့ သီချင်းဆိုနေကြတဲ့ ဗီဒီယိုဖိုင်လေးတွေကို မျှဝေလိုက်ပြန်ပါတယ်..။

ထမင်းဟင်းစတုဒီသာအလှူလေး ပြုလုပ်ရင်း ပျော်ပျော်ပါးပါး သီချင်းဆို ကခုန်ရယ်မောနေကြတဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကိုလည်း နေမျိုးအောင်က ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။


Photo Credit - Thandar Naymyo Aung’s Facebook
Photo Credit - Thandar Naymyo Aung’s Facebook

အမှတ်တရပုံရိပ်လေးတွေနဲ့ သီချင်းဆိုနေကြတဲ့ သူတို့ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်သူပရိသတ်တွေကိုလည်း အပျော်လေးတွေ ကူးစက်စေသလို ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

စတုဒီသာအလှူလေးနဲ့အတူ သီချင်းဆိုကာ ဝိုင်းဖွဲ့ကခုန်နေကြတဲ့ နေမျိုးအောင်တို့ရဲ့ ပျော်ရွှင်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေကလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - Thandar Naymyo Aung’s Facebook
Photo Credit - Thandar Naymyo Aung’s Facebook

Photo Credit - Thandar Naymyo Aung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။