ပြည်တွင်း နာမည်ကြီး လူရွှင်တော်ကြီးတွေထဲမှာ စူပါဘဲတောကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မန္တလေးတိုင်းလူရွှင်တော်အသင်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်သလို ဟာသလောကမှာလည်း သူမတူအောင် လုပ်ဆောင်နိုင်တဲ့ လူရွှင်တော်တစ်ဦးဖြစ်တာကြောင့် အနယ်နယ်အရပ်ရပ်က ပရိသတ်များစွာရဲ့ အသည်းစွဲ လူရွှင်တော်တစ်ဦးလည်းဖြစ်တာတွေ့ရပါတယ်။   

photos credit - စူပါဘဲတောဖေ့စ်ဘွက်
photos credit - စူပါဘဲတောဖေ့စ်ဘွက်

လက်ရှိ စူပါဘဲတောကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျှက်ရှိပြီး အငြိမ့်၊ ကြော်ငြာနှင့် တေးသီချင်း MTV များစွာကိုလည်း ပါဝင်ရိုက်ကူးလျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီက ဘဲတော်ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ချစ်စရာကောင်မလေးတစ်ယောက်နဲ့အတူ ရိုက်ကူးခဲ့တဲ့ပုံရိပ်တွေကို ပြသထားတာတွေ့ရပါတယ်။  

photos credit - စူပါဘဲတောဖေ့စ်ဘွက်
photos credit - စူပါဘဲတောဖေ့စ်ဘွက်

အဆိုပါ ပုံရိပ်လေးတွေကတော့ ကြော်ငြာတစ်ခုရိုက်ကူးမှုမှ ပုံရိပ်လေးတွေဖြစ်ပြီး သဘဝဆန်ဆန်ရိုက်ကူးခဲ့တဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ အငြိမ့်လောကမှ အနုပညာလောကထဲကို ဝင်ရောက်လျှက်ရှိတဲ့ ဘဲတောကတော့ မော်ဒယ်မင်းသမီးချောလေးတွေအပြင် သရုပ်ဆောင်သမီးတွေနဲ့ပါရိုက်ကူးမှုတွေပြုလုပ်လျှက်ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့ ပြသခဲ့တဲ့ စူပါဘဲတော်ရဲ့ ကြော်ငြာရိုက်ကူးမှုမှ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos credit - စူပါဘဲတောဖေ့စ်ဘွက် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။