ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ social network ထဲကမှ နာမည်ကြီး၊ လူကြိုက်များသော ကွန်ယက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိလူငယ်၊ လူကြီးမရွေးအသုံးပြုနေကြတဲ့ facebook ကွန်ယက်ကို ဘယ်လိုအကျိုးရှိစွာ အသုံးချမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးအကြံပြုတင်ဆက်သွားမှာဖြစ်ပါတယ်...။ admin အနေနဲ့ Instagram၊ Twitter၊ YouTube...အစရှိတဲ့ social media တွေထဲကမှ facebook ကိုဘာလို့ ရွေးချယ်ပြီး တင်ဆက်ဖော်ပြပေးရတာလည်းဆိုတဲ့ ပထမဦးဆုံးရည်ရွယ်ချက်ကတော့ အသုံးပြုတဲ့သူတွေ များပြားလာတာမလို့ account တွေကလည်း မှိုလို ပေါချင်းသောချင်း များပြားလာပြီး fake account တွေလည်းရှိလာပါတယ်...။

photo credit pngtree

ထို fake account တွေကို သတိထားသင့်ပါတယ်...။ ထို fake account တွေကနေ web-site link တွေလာပို့တာမျိုးဆိုရင် ထို link တွေမှာ virus ပါလာနိုင်ပြီး ကိုယ့်ရဲ့ facebook account နဲ့၊ ဖုန်းကိုပါထိခိုက်နိုင်ပါတယ်..။ ဒါကြောင့်မလို့ fake account လား၊ ပိုင်ရှင်ကိုယ်တိုင်သုံးနေတဲ့ official acc လားဆိုတာ သေချာစိစစ်ပြီးမှ လက်ခံတာမျိုး၊ friend add တာမျိုးတွေပြုလုပ်သင့်ပါတယ်...။ profile picture မှာ မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ပုံအလန်းကြီးတွေတင်ထားပေမယ့် fake acc ဖြစ်နေတတ်မျိုးတွေ ရှိတာမလို့ အထူးဂရုစိုက်ရမှာပါနော်...။ အကယ်၍ တစ်စုံတစ်ယောက်က အကောက်တုဖွင့်ပြီး ကိုယ့်ပုံယူသုံးတာပဲဖြစ်ဖြစ်၊ messengerကနေ ချိန်းခြောက်တာမျိုးတွေ ပြုလုပ်လာတဲ့အခါမှာ မိမိယုံကြည်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဒါမှမဟုတ် မိမိထက် နည်းပညာ တတ်ကျွမ်းနားလည်တဲ့သူကို ပွင့်လင်းစွာ ဖွင့်ဟအကူအညီတောင်းရမှာဖြစ်ပါတယ်...။

photo credit pngtree

facebook ကွန်ယက်ကို အသုံးပြုရာတွင် ဂရုစိုက်၊ သတိထားဖို့ လိုအပ်ကြောင်း တင်ဆက်ဖော်ပြပေးပြီးတဲ့ နောက်မှာ ကိုယ့်ရဲ့ အချိန်တွေ၊ ဖုန်းဘေတွေ ကုန်ရကျိုးနပ်အောင် အကျိုးရှိစွာ အသုံးချတတ်ဖို့တော့လိုမှာဖြစ်ပါတယ်...။ facebook newfeed မှာ တက်တက်လာတဲ့ နိုင်ငံတကာက video တွေ၊ ဟာသပုံတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းအထူးအဆန်းတွေက ဖုန်းကိုလက်ကနေမလွှတ်ချင်အောင် ဆွဲဆောင်ထားတာဖြစ်ပါတယ်...။ ထိုထူးဆန်းများပြားတဲ့ ဆွဲဆောင်မှုနောက်ကိုလိုက်ရင်း ကိုယ်ရဲ့ အဘက်ဘက်က energy တွေမကုန်ဆုံးသွားရအောင် "entertainment" လို့ခေါ်တဲ့ ဖျော်ဖြေမှုတွေ အနည်းငယ်လောက်လျော့ပြီး မိမိလေ့လာချင်တဲ့ ပညာရပ်တစ်ခုခု ဒါမှမဟုတ် ဘာသာစကားတစ်ခုခုကို တင်ပေးနေတဲ့ facebook group ကို join ထားတာမျိုး၊ page တွေကို like and see first လုပ်ထားတာမျိုး ပြုလုပ်ရမှာဖြစ်ပါတယ်...။ facebook social media ကြီးကို အကျိုးရှိစွာအသုံးပြုရင်း သာယာတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်...။

photo credit pngtree  

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။