ပရိသတ်တွေရဲ့ အချစ်တော်လေးတွေဖြစ်ကြတဲ့ မေမြန်မာခေတ်နဲ့မေမြန်မာသစ်တို့ ညီအစ်မနှစ်ယောက်ကတော့ ပရိသတ်မျက်စိရှေ့မှာပဲ ၂နှစ်ခွဲအရွယ်ကိုရောက်ရှိလာကာ ပိုပိုပြီးလည်း ချစ်စရာကောင်းလာပါတယ်နော်။မေမေချစ်သုဝေကတော့ သမီးလေးတွေကို သေချာပြုစုပျိုးထောင်းရင်း စိတ်အေးချမ်းသားစွာနဲ့နေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Chit Thu Wai'sfacebook
Photo Credit:Chit Thu Wai'sfacebook

ခေတ်နဲ့သစ်လေးတို့က ကျောင်းလည်းတက်နေကြပြီဖြစ်ကာ ကျောင်းပျော်လေးတွေဖြစ်လို့ ကျောင်းကသူငယ်ချင်းတွေနဲ့လည်း ခင်ခင်မင်မင်ရှိပါတယ်နော်။ချစ်သုဝေတို့ဇနီးမောင်နှံကလည်း သမီးလေးတွေကို လှလှပပနဲ့ထူးချွန်စွာကြီးပြင်လာအောင်လို့ အသေးစိတ်လေးကအစ သေချာသင်ကြားပြသပေးနေကြတာပါ။အရမ်းချစ်စရာကောင်းတဲ့ ခေတ်နဲ့သစ်လေးကလည်း ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားပါတယ်နော်။

Photo Credit:Chit Thu Wai'sfacebook
Photo Credit:Chit Thu Wai'sfacebook
Photo Credit:Chit Thu Wai'sfacebook

မေမေချစ်သုဝေကတော့ သမီးလေးတွေနဲ့သာအချိန်ကုန်နေရတာဖြစ်လို့ အနုပညာအလုပ်တွေကို တတ်နိုင်သလောက်သာလုပ်ဆောင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း မအိပ်သေးဘဲ လျှောက်ဆော့နေတဲ့ ခေတ်နဲ့သစ်လေးနောက်ကိုလိုက်ပြီးLiveလွှင့်ကာ သားအမိသုံးယောက် ပျော်ရွှင်နေကြတဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Chit Thu Wai'sfacebook
Photo Credit:Chit Thu Wai'sfacebook
Photo Credit:Chit Thu Wai'sfacebook

Photo Credit:Chit Thu Wai'sfacebook

Video Credit:Chit Thu Wai's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။