လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ရုပ်သံဇာတ်လမ်းတွဲကတော့ " နှင်းဆီ " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲပါ။ ဒီဇာတ်လမ်းတွဲမှာတော့ အကယ်ဒမီရဲအောင် ၊ စည်သူဝင်း ၊ရှင်မွေလ၊ ခေးဆက်သွင်၊ ဝေလာရီ နဲ့ အခြားသော အနုပညာရှင်များပါ ဝင်သရုပ်ဆောင်ထားကြတာပါ။ ဝေလာရီဟာ အနုပညာလောကကိုဝင်ရောက်လာတာမကြာသေးပင်မယ့် ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတာပါ။ 

Photo Credit- Wai Lar Yi’s Facebook Account
Photo Credit- Wai Lar Yi’s Facebook Account
Photo Credit- Wai Lar Yi’s Facebook Account

သူမဟာ အဆိုတော် လိမ္မော်သီးရဲ့ညီမအငယ်ဆုံးလေးဖြစ်ပါတယ်။ ဝေလာရီဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ ဝေလာရီဟာ ဒီဇာတ်လမ်းတွဲလေးမှာ "မော်" ဆိုတဲ့ ကာရိုက်တာနေရာကနေ သရုပ်ဆောင်ထားတာပါ။ သူမရဲ့ လှုပ်ရှားမှုတွေနဲ့ ပက်သက်ပြီး ဝေလာရီရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှလေ့ရှိတာပါ။ 

Photo Credit- Wai Lar Yi’s Facebook Account
Photo Credit- Wai Lar Yi’s Facebook Account
Photo Credit- Wai Lar Yi’s Facebook Account

အခုတစ်ခေါက်မှာလည်း ဒီဇာတ်လမ်းတွဲမှာပါဝင်တဲ့ ခေးဆက်သွင်နဲ့ပုံရိပ်လေးတွေ တင်ထားတာပါ။ " နှင်းဆီ ထဲမှာသာ ကတ်ကတ်လန်ရန်တွေ့နေပေမယ့်..

မမနှင်းနဲ့ မိမော်က အပြင်မှာ ဒီလိုပါနော်..

အသစ်တစ်ယောက်ကို အမြဲတမ်း သင်ပြပေးပြီး လက်တွဲခေါ်တဲ့ မမနှင်း Khay Sett Thwin ကိုမိမော်လေး အရမ်းကျေးဇူးတင်သလို ချစ်လည်း ချစ်ပါတယ်..

#ဝေလာရီ #WaiLarRi #နှင်းဆီဇာတ်လမ်းတွဲ

#နှင်းနဲ့မော် " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Wai Lar Yi’s Facebook Account

Photo Credit- Wai Lar Yi’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။