ကြော်ငြာမင်းသမီးချောလေး ယွန်းဝတီလွင်မိုးရဲ့သား Liam လေးကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ရရှိထားတဲ့ကလေးလေး ဖြစ်ပါတယ်။ ဘိုးဘိုးလွင်မိုးရဲ့မြေးဦးလေးလည်းဖြစ်တဲ့ Liam လေး သြစတေးလျနိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Liam လေးက အသက်တစ်နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit -May Thu's FB
Photo Credit -May Thu's FB
Photo Credit -May Thu's FB

တစ်နေ့တစ်ခြား ပိုပိုပြီးချစ်ဖို့ကောင်းလာတဲ့ Liam လေးကိုတော့ အနုပညာရှင်တွေနဲ့ပရိသတ်တွေအားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ Liam လေးက မွေးမွေးချင်းမှာ အသားတွေဝါလို့ ဆေးရုံမှာ (၈) ရက်တိတိထားခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုလည်း ဘိုးဘိုးလွင်မိုးက မြေးဖြစ်သူ Liam လေးကို အိမ်ပြန်ခေါ်လာခဲ့စဉ်က အမှတ်တရပုံလေးတွေကို မျှဝေထားပါတယ်။

Photo Credit -May Thu's FB
Photo Credit -Lwin Moe's FB
Photo Credit -Lwin Moe's FB

ဘိုးဘိုးလွင်မိုးက '' Liam လေး နေကောင်းပြီး အိမ်ပြန်ပြီ '' ဆိုပြီး Liam လေးတို့မိသားစုသုံးယောက်ရဲ့ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ဘိုးဘိုးလွင်မိုးရဲ့အသည်းကျော်လေးဖြစ်တဲ့ Liam လေးကတော့ မွေးကင်းစအရွယ်ကတည်းက တကယ့်ကိုချစ်ဖို့ကောင်းတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Liam လေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Lwin Moe's FB & May Thu 's FB

Photo Credit -Lwin Moe's FB
Photo Credit -May Thu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။