ပရိသတ်ကြီးရေ လူငယ်တွေကြားမှာ ရေပန်းအရမ်းစားပြီး ပေါ်ပြူလာဖြစ်နေတဲ့ Popသီချင်းချိုချိုလေးတွေကို သီဆိုတဲ့ အဆိုတော်မလေး ပိုပိုဟာ အားလုံးရဲ့အသည်းကျော်လေးပါပဲနော်။ သူမဟာ အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ့်ခြေထောက်ကိုယ်ရပ်ပြီး ကိုယ့်လမ်းကို လျှောက်နိုင်အောင်ကြိုးစားခဲ့တဲ့ အတွက် အချိန်တိုတိုနဲ့ အောင်မြင်တဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

Photo Credit:Po Po Faceboook
Photo Credit:Po Po Faceboook

သီချင်းလေးတွေကို ကိုယ်တိုင်ရေးစပ်ဖန်တီး သီဆိုလေ့ရှိတဲ့ ပိုပိုက မိန်းကလေးပရိသတ်တွေပါမက ယောက်ကျားလေးပရိသတ်တွေပါ အခိုင်မာရရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဖက်ရှင်အလန်းတွေနဲ့ သူမကို ပုရိသကိုကိုတွေကလည်း ချစ်ခင်ကြပါတယ်။ ပိုပိုက သူမရဲ့ facebook မှာ Tik Tok ဗီဒီယိုလေးတွေကို မကြာခဏတင်လေ့ရှိပြီး သူရဲ့ Tik tok ဗီဒီယိုလေးတွေကလည်း ရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။

Photo Credit:Po Po Faceboook
Photo Credit:Po Po Faceboook

လတ်တလောမှာလည်း ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ အဖြူရောင်ဖက်ရှင်လေးနဲ့ Shwe FM ပွဲကိုတက်ရောက်လာတဲ့ အမိုက်စားပုံလေးတွေကို သူရဲ့ အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိပြီး အရမ်း ချစ်စရာအရမ်းကောင်းလွန်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ပိုပိုရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit:Po Po Faceboook
Photo Credit:Po Po Faceboook

Source:Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။