မြန်မာဆန်ဆန် ကိုယ်ခန္ဓာကောက်ကြောင်း လှပလွန်းတဲ့ အိချောပိုကတော့ ပုရိသများသာမကပဲ မိန်းကလေးပရိသတ်များကပါ ချစ်ခင်အားပေးကြတာပါ ။ "အနုပညာပျိုးခင်း"ရဲ့ မြေတောင်မြောက်ပေးမှုကနေ အောင်မြင်လာခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ပုရိသပရိသတ်တွေရဲ့ အသည်းကျော် ၊အချစ်တော်မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ 

Photo Credit -Ei Chaw Po’s Facebook Myday
Photo Credit -Ei Chaw Po’s Facebook Myday

စူစူဟာ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများအပြင် ရုပ်သံဇာတ်လမ်းတွဲများပါ ရိုက်ကူးနေရတာပါ။ တစ်ခါတစ်ရံမှာလည်း Tik Tok လေးများဆော့ကစားကာ ပရိသတ်တွေကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးလေ့ရှိတာပါ။

Photo Credit -Ei Chaw Po’s Facebook Myday
Photo Credit -Ei Chaw Po’s Facebook Myday

အခုတစ်ခေါက်မှာလည်း Tik Tok ဗီဒီယိုလေးတစ်ခုကို စူစူရဲ့Facebook Myday လေးမှာ တင်ထားတာပါ။ ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ Tik Tok ကစားထားတဲ့ စူစူရဲ့ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Ei Chaw Po’s Facebook Myday

Photo Credit- Ei Chaw Po’s Facebook Myday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။