ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုပန်ထွာကတော့ ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး ဆုပန်ထွာရဲ့မိသားစုလေးကိုလည်း ပရိသတ်တွေက ချစ်ကြပါတယ်နော်။ဆုပန်ထွာရဲ့ သားလေးRoar Roar ကလည်း အခုဆိုရင် ၃နှစ်ပြည့်သွားပြီဖြစ်လို့ မေမေဆုပန်ထွာက သားသားအတွက် မွေးနေ့ဆုမွန်ကောင်းလေးကို တောင်းပေးကာ အမှတ်တရလေးတွေပြောပြလာပါတယ်နော်။

Source:Supan Htwar's Facebook/Photo Credit:Aung Zaw(Love Space)
Source:Supan Htwar's Facebook
Source:Supan Htwar's Facebook/Photo Credit:Aung Zaw(Love Space)

"15.9.2019 Happy Birthday My Lovely Son!မာမားရဲ့ဒီဗိုက်ကြီးထဲကထွက်လာခဲ့တာ ၃ နှစ်ပြည့်ပီပေါ့။ အခုဆိုကျောင်းတောင်တက်တဲ့အရွယ်ရောက်ခဲ့ပြီ။ ကျန်းမာစွာ၊လိမ္မာစွာ ဖေဖေ၊မေမေ အပေါ်သိတတ်စွာနေပေးတဲ့သားလေးမို့ မာမားကျေးဇူးတင်မိတယ်။မားမား ကိုယ့်ကိုယ်ကိုကျန်းမာအောင်နေမယ်။ ခါးနာလို့သားကိုဒေါင်းတိမောင်းတိကြာကြာမချီနိုင်တော့တာတစ်ခုလေးပါပဲ။(ဒါပေမယ့်လည်းခါးအနာခံပြီးချီတာပါပဲ) သားအပေါ်နေ့တိုင်း စိတ်ရော၊ကိုယ်ရော ၂ခုလုံးမနားပဲပြုစုပျိုးထောင်ရတာ ၃နှစ်ပြည့်ခဲ့ပြီ။ပြောရရင်အဓိက အပျိုတုန်းကလိုအိပ်ရေးဝဝမအိပ်ရတော့တာ၊ကောင်းကောင်းမအိပ်ရတော့တာ ၃နှစ်ပြည့်ပြီပေါ့။

Source:Supan Htwar's Facebook/Photo Credit:Aung Zaw(Love Space)
Source:Supan Htwar's Facebook/Photo Credit:Aung Zaw(Love Space)
Source:Supan Htwar's Facebook/Photo Credit:Aung Zaw(Love Space)
Source:Supan Htwar's Facebook/Photo Credit:Aung Zaw(Love Space)

Movies သိပ်ကြိုက်တဲ့ကျွန်မ၊ ကားတစ်ကားကိုအစအဆုံးမကြည့်ရတော့တာ၊ကြည့်ခွင့်မရတော့တာ ၃နှစ်ပြည့်ပြီပေါ့။ သီချင်းတွေနားထောင်ချင်ရင်တောင် အိမ်မှာ ကားပေါ်မှာ ဖွင့်လိုက်ရင် ကလေးသီချင်း Baby Song လေးတွေပဲနားထောင်ရင်းလိုက်ဆိုခဲ့ရတာလည်း ၃နှစ်ပြည့်ခဲ့ပေါ့။ဒူးပြဲနဖူးကွဲမဖြစ်အောင်၊ခြင်မကိုက်အောင်၊ဖျားတာနာတာမဖြစ်ရအောင်၊လက်သည်းခြေသည်းတွေရှည်မနေရအောင်၊ နောက်ဆုံးထမင်းစားရင်ဘယ်နှစ်လုပ်စားလဲကအစ မားမားခုချိန်ထိလိုက်ရေနေတုန်းမို့...မာမားကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပြုစုစောင့်ရှောက်ပါမယ်။သားလေးကိုချစ်တယ်လို့။"ဆိုပြီး ရေးသားထားပါတယ်နော်။

Source:Supan Htwar's Facebook/Photo Credit:Aung Zaw(Love Space)
Source:Supan Htwar's Facebook/Photo Credit:Aung Zaw(Love Space)
Source:Supan Htwar's Facebook/Photo Credit:Aung Zaw(Love Space)

Source:Supan Htwar's Facebook/Photo Credit:Aung Zaw(Love Space)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။