ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလင်းဇာနည်ဇော်ဟာဆိုရင် ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့အချစ်ကိုရရှိနေဆဲဖြစ်ပါတယ်။လင်းဇာနည်ဇော်က သမီးချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး မြူလင်းကိုကိုကတော့ သြစတေးလျ UTS: University of Technology Sydney မှာကျောင်းတက်ရောက်နေတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

မေမေလင်းဇာနည်ဇော်ကတော့ မြူလင်းကိုကိုအတွက် အစစအရာရာလိုလေသေးမရှိအောင် ထားပေးပြီး စောင့်ရှောက်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါနော်။လင်းဇာနည်ဇော်ကတော့ ချစ်အစ်မကြီးချစ်ချစ်ဇော်နဲ့အတူ စီးပွားရေးတွေကို ဇောက်ချလုပ်ကိုင်နေပြီး အရမ်းကြိုးစားနေတာဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း လှပပျိုမျစ်နေဆဲဖြစ်တဲ့ လင်းဇာနည်ဇော်က သမီးချောလေးနဲ့တောင် ညီအစ်မတွေလို့ ထင်ရပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

မြူလင်းကိုကိုကလည်း စာမေးပွဲပြီးတော့မှာဖြစ်လို့ မကြာခင်မှာ မြန်မာပြည်ကိုပြန်လာပြီး မေမေ့ဘေးနားမှာနေကာ အလုပ်တွေကူလုပ်ပေးတော့မှာဖြစ်ပါတယ်။အခုဆိုရင်တော့ မေမေလင်းဇာနည်ဇော်က "မီးလေးလဲကြိုးစား..မေမေလဲကြိုးစားမယ်"ဆိုပြီး သမီးလေးအတွက်အားပေးစကားတွေပြောထားပါတယ်နော်။လင်းဇာနည်ဇော်တို့ သားအမိနှစ်ယောက်က ညီအစ်မတွေလို အရမ်းချစ်ဖို့ကောင်းတာကြောင့် သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

Photo Credit:Lin Zarni Zaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။