Idol Couple အဖြစ် ပရိသတ်တွေ သတ်မှတ်ထားကြတာကတော့ ရွှေထူးနဲ့ ရွှေမှုံတို့ ဇနီးမောင်နှံအတွဲလေးပါ။ သူတို့အတွဲလေးဟာ စပရိုက်လေးနဲ့ မရိုးနိုင်အောင် ရိုမက်တစ်ဆန်လွန်းနေတာပါ။ ဘယ်လိုအခက်အခဲမျိုးနဲ့ ရင်ဆိုင်ရပါစေ တစ်ယောက်လက်ကို တစ်ယောက်တွဲကာ ရဲရဲဝင့်ဝင့်ဖြေရှင်းကြတာတွေဟာလည်း လူတိုင်းအားကျစရာပါ။  

Photo Credit - Htoo Khant's Facebook Account
Photo Credit - Htoo Khant's Facebook Account

သူတို့နှစ်ယောက်လုံးဟာ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးနေရတာပါ။ နှစ်ယောက်လုံးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှပေးနေတာပါ။ အခုတစ်ခေါက်တွင်လည်း ရွှေထူးက သူ့ရဲ့ Facebook myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။  

Photo Credit - Htoo Khant's Facebook Account
Photo Credit - Shwe Hmone Yati's Facebook Myday

ဒါကတော့ သူ့ရဲ့ရှုတင်ကို အလုပ်တွေမအားလပ်တဲ့ကြားက လာရောက်ခဲ့တဲ့ ချစ်ဇနီးလေး ရွှေမှုံရဲ့ ဗီဒီယိုလေးပါ။ ဒီလိုချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ရွှေထူးတစ်ယောက် ဇနီးချောလေးကို ချစ်မဝဖြစ်နေတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်။

Source - Htoo Khant's Facebook Myday

Photo Credit - Htoo Khant's And Shwe Hmone Yati's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။